ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် တောင်ထွဋ်ပေါ်ရှိ လှိုဏ်ဂူထဲတွင် တစ်ပါးတည်းသီတင်းသုံးလျက်ရှိသည့် ဘုန်းတော်ကြီး( ဗီဒီယိုဖိုင်)

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် တောင်ထွဋ်ပေါ်ရှိ လှိုဏ်ဂူထဲတွင် တစ်ပါးတည်းသီတင်းသုံးလျက်ရှိသည့် ဘုန်းတော်ကြီး( ဗီဒီယိုဖိုင်)

ချိုမိုလန်မားတောင်ထိပ်ဟာ ဧဝရတ်တောင်ရဲ့ တောင်ထိပ်တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၅၁၅၀ မီတာမြင့်မားသည့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပဲဖြစ်ပါတယ်။ တိဘက်မှာတော့ ဒီတောင်ကအမြင့်ဆုံးလည်းဖြစ်ပါတယ်။ရေခဲမှတ်အောက် အေးခဲလွန်းလှတဲ့တောင်ထိပ်ပေါ်မှာတော့ ဘုန်းတော်ကြီးတစ်ပါးသီတင်းသုံးလျက်ရှိပါတယ်။

ရောင်ပူ ဘုန်းကြီးကျောင်းမှ သက်တော် ၆၈ နှစ်ရှိပီဖြစ်တဲ့ ဘုန်းတော်ကြီး Ngawang Sangye ပဲဖြစ်ပါတယ်။ဘုန်းတော်ကြီးဟာ တောင်ပေါ်မှာ သီတင်းသုံးလာတာ ၂၇ နှစ်ရှိသွားပီဖြစ်ပါတယ်။ Rongpu ဘုန်းကြီးကျောင်းဟာ တောင်ထွဋ်အခြေမှာရှိပီး အလွန်ငြိမ်းချမ်းလှပါတယ်။ဘုန်းကြီးကျောင်းရှိရာ လှိုင်ဂူဟာ ၈ ရာစုအလယ်လောက်ကတည်းက အိန္ဒိယBuddhaဘာသာ ဘုန်းတော်ကြီး တရားအားထုတ်ခဲ့ရာ နေရာလည်းဖြစ်ပါတယ်။

အခုတော့ ဘုန်းတော်ကြီး Ngawang Sangye တစ်ပါးဘဲ သီတင်းသုံးပါတော့တယ်။ဘုန်းတော်ကြီးဟာ နေ့တိုင်း တရားစာတွေရွတ်ဆိုတယ် ၊ မနက်တိုင်း ဘုရားရှိခိုးဆုတောင်းလုပ်ပါတယ်၊ ရေကိုလည်းကိုယ်တိုင်ခတ်ရပါတယ်။ကျောင်းကိုတော့ ဒေသအသီးသီးကလူတွေ အလုပ်အတွက် အလည်လာကြပါတယ်(မိုဘိုင်းအော်ပရေတာတွေအများဆုံးပေါ့)ဘုန်းတော်ကြီးကတော့ သူဟာ ဒီကျောင်းကနေ ဘယ်တော့မှထွက်ခွာသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်………….. Xinhua

Add a Comment

Your email address will not be published. Required fields are marked *