ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ဗြိတိန်နိုင်ငံမှာ ဧပြီနဲ့မေလ တွေအတွင်း လူ ၆သိန်း ခန့်အလုပ်လက်မဲ့ဖြစ်

ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ဗြိတိန်နိုင်ငံမှာ ဧပြီနဲ့မေလ တွေအတွင်း လူ ၆သိန်း ခန့်အလုပ်လက်မဲ့ဖြစ်
ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ဗြိတိန်နိုင်ငံမှာ ဧပြီနဲ့မေလ တွေအတွင်း လူဦးရေ 600,000 ခန့်အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဆက်လက်ပြီး ငွေကြေးဈေးကွက်ရဲ့ တန်ဖိုးတွေဟာလည်း စံချိန်တင်ကျဆင်းသွားခဲ့ရတယ်လို့ ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။

အလုပ်လက်မဲ့ အညွှန်းကိန်းဟာ မမျှော်လင့်ပဲ 3.9% သို့ကျဆင်းသွားခဲ့ရပါတယ်။ ဒီအခြေအနေအတွင်းမှာ နိုင်ငံအတွင်း စီးပွားလှုပ်ရှားမှုတွေဟာလည်း စံချိန်တင်ကျဆင်းမှုတွေ ကြုံနေခဲ့ရပါတယ်။ ရိုက်တာသတင်းဌာနရဲ့ စီးပွားရေးပညာရှင်များမှ ခန့်မှန်းချက်တွေအရ အလုပ်လက်မဲ့အညွှန်းကိန်းဟာ 4.7% လောက်အထိမြင့်တက်သွားနိုင်မယ်လို့ဆိုပါတယ်။

ဗြိတိန်ရဲ့အလုပ်သမားဈေးကွက်ဟာ ကိုရိုနာဗိုင်းရပ်စ် ပြဿနာမတိုင်ခင်က အတော်ကလေးခိုင်မာခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ONS ကထုတ်ပြန်တဲ့ စာရင်းတွေအရ ဧပြီလအတွင်းအလုပ်လက်မဲ့ဖြစ်ခဲ့တဲ့ လူတွေဟာ အလုပ်အကိုင်ကို အမြဲတစေရှာဖွေနေခဲ့ကြသူတွေ မဟုတ်ပဲ သာမန်အတန်းအစားတွေသာဖြစ်တယ် လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေနဲ့ စီးပွားရေးပြန်လည် ဦးမော့လာဖို့အတွက်တော့ အကြပ်အတည်းကြုံနေရပြီဖြစ်ပါတယ်။ ဗြိတိန်ရဲ့ နှစ်မီတာအကွာက နေရတဲ့ Social distancing အမိန့်ကို အလုပ်သမားတွေအကြား ဝျေမ်မှုတွေမြင့်တက်နေပါတယ်။ အလုပ်သမားတွေရဲ့ ပြောကြားချက်အရ အဆိုပါ အကွာအဝေးဟာ မိမိတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ ပြောနေကြပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်……………A9 Business

Add a Comment

Your email address will not be published. Required fields are marked *