ဂ်ပန္ ကမ္းလြန္ မွာ ေသာင္တင္လာတဲ႕ ေျမာက္ကိုရီးယား အေလာင္းေတြ ပါတဲ့ တေစၦ သေဘၤာရဲ႔အျဖစ္

ၿပီးခဲ့ တဲ့ႏွစ္ ေတြ အတြင္း ဂ်ပန္နိုင္ငံေျမာက္ ဘက္ကမ္းေျခ မွာ ေျမာက္ကိုရီးယား နိုင္ငံသားေတြ ရဲ႕ အေလာင္းေတြ ပါတဲ့ ငါးဖမ္းစက္ ေလွပ်က္ ေတြ ကမ္းလာလာ တင္ တတ္ တယ္ ။

၂၀၁၇ က ေျမာက္ ကိုရီးယားေလွ အစင္း ၁၀၀ ေက်ာ္ ကမ္းလာတင္ၿပီး အေလာင္းက ၃၅ ေလာင္းပါတယ္။ ေနာက္ႏွစ္မွာ ၆၆ စင္း ေတြ႕တယ္။ သူရဲေလွ /တေစၦသေဘၤာလို႔ ေခၚၾကတဲ့ ဒီငါးဖမ္းေလွ ပ်က္ေတြ ဘာလို႔လာ တင္လဲ ဘယ္သူမွေ သခ်ာ မသိၾက ။ ရာသီဥတုေၾကာင့္၊ ေဟာင္းေနတဲ့ စက္ေလွေတြေၾကာင့္ လို႔ ထင္ေၾကးေပးၾက နဲ႕။

မၾကာခင္ ကေတာ့ Global Fishing Watch ဆိုတဲပ iNGO တစ္ဖြဲ႕ က အစီရင္ခံစာထုတ္ျပန္လိုက္ တယ္။ ၂၀၁၇ နဲ႕ ၂၀၁၈ အတြင္း အေရွ႕ေျမာက္အာရွ ရဲ႕ေရေၾကာင္းလမ္းေတြကို ၿဂိဳဟ္တုနည္း ပညာသုံး ဆန္းစ စ္ေလ့လာၿပီး ထုတ္ျပန္တာ။ အခုလိုျဖစ္တာ တ႐ုတ္ ရဲ႕ လွ်ို႔ဝွက္ဖုံးကြယ္ထား တဲ့ ငါးဖမ္းသေဘၤာအုပ္စုႀကီးေတြေၾကာင့္လို႔ ဆိုတယ္။

ေျမာက္ကိုရီးယား ကမ္းလြန္ မွာ ရာေပါင္းမ်ားစြာေသာ တ႐ုတ္ ငါးဖမ္းသေဘၤာေတြ ေတြ႕ခဲ့ရၿပီး အဲဒါေၾကာင့္ ေျမာက္ကိုရီးယားငါးဖမ္းေလွေတြက ပိုေဝးတဲ့ေနရာေတြဘက္ ထြက္ဖမ္းရင္း ေလွမေကာင္းတာ ရယ္ ရာသီ ဥတုရယ္ေၾကာင့္ ဒုကၡေရာက္ ကုန္ခဲ့တယ္ လို႔ သုံး သပ္ထား တယ္။ ေငြလိုေန တဲ့ ေျမာက္ကို ရီးယား အစိုးရက တ႐ုတ္ေတြ ကို ငါးဖမ္းခြင့္ တိုးတိုးတိတ္တိတ္ ေရာင္းစားထား လို႔ အိမ္ခံတံငါေတြက အေဝးကိုထြက္ ဖမ္းရ တဲ့သေဘာ။

၂၀၁၇ မွာ ပဲ့ထိန္း ဒုံးက်ည္ေတြ အမ်ားႀကီး ပစ္ခတ္ၿခိမ္းေျခာက္ခဲ့ လို႔ဆိုၿပီး ကုလသမဂၢက ေျမာက္ကိုရီးယားကို ဒဏ္ခတ္ ပိတ္ဆို႔ထားတယ္။ အဲဒီပိတ္ဆို႔မႈအရ ေျမာက္ကိုရီးယားမွာ ငါးဖမ္းတာ ဒါမွမဟုတ္ ေျမာက္ကိုရီးယားငါးကို ၀ယ္တာေရာင္းတာ တရားမ၀င္ပါဘူး။ ဒါေပမယ့္ ၂၀၁၇ မွာ တ႐ုတ္ငါးဖမ္းသေဘၤာ ၉၀၀၊ ၂၀၁၈ မ်ာ အစင္း ၇၀၀ ေလာက္ ေျမာက္ကိုရီးယားကမ္းလြန္မွာ ငါးဖမ္းတာ ဟန့္တားခဲ့သူ ရွိခဲ့ပုံမရ။

ပိတ္ဆို႔မႈမတိုင္ခင္ ေျမာက္ကိုရီးယားရဲ႕ငါးဖမ္း လုပ္ငန္း က တစ္ႏွစ္ ေဒၚလာ သန္း ၃၀၀ ေလာက္ တန္ေၾကးရွိခဲ့တယ္။ တ႐ုတ္ေတြ အဓိက၀င္ဖမ္းတာက တန္ဘိုးႀကီးပင္လယ္စာတစ္မ်ိဳးျဖစ္မယ့္ ျပည္ႀကီးငါးပ်ံ။ ေျမာက္ ကိုရီးယား ကမ္းလြန္ကေန ျပည္ႀကီး ငါးပ်ံ တန္ ၁၆၀ ၀၀၀ ေက်ာ္ ဖမ္းခဲ့ပုံရတယ္။ ႏွစ္ႏွစ္အတြင္း ဖမ္းခဲ့တဲ့ အဲဒီပမာဏက ေတာင္ကိုရီးယားနဲ႕ ဂ်ပန္ႏွစ္နိုင္ငံေပါင္း ဖမ္းၾကတဲ့ တန္ခ်ိန္ေလာက္ ရွိၿပီး ေဒၚလာ သန္း ၄၄၀ ေက်ာ္ဘိုးပဲ။

ေျမာက္ကိုရီးယားအေန နဲ႕ ကိုယ့္ကမ္းလြန္မွာ ကိုယ့္ဘာသာငါးဖမ္းၿပီး တစ္နည္းနည္း နဲ႕ေရာင္း(တ႐ုတ္ကို ပဲျဖစ္ျဖစ္ တိတ္တိတ္ေလး)ရင္ ပိုက္ဆံပို မရနိုင္ဘူးလား ေတြးစရာ။ ပိတ္ဆို႔မႈကို ခ်ိဳးေဖာက္ၿပီး ၂၀၁၈ မွာ ေျမာက္ကိုရီးယားက ငါးဖမ္း ခြင့္ေရာင္းတာ ေဒၚလာ သန္း ၁၂၀ ေလာက္ ရတယ္ လို႔ ကုလကခန့္မွန္း ခဲ့တယ္ ။ ပိုအက်ိဳး ရွိမွာကေတာ့ တ႐ုတ္ ငါးဖမ္းသေဘၤာေတြပါပဲ။

ကိုယ့္ ကမ္းလြန္ မွာ လိုင္စင္ရ တ႐ုတ္ ငါးဖမ္းသေဘၤာ အုပ္စုႀကီးေတြ ရွိေနလို႔ ငါးဖမ္းခြင့္မသာေတာ့ တဲ့ ေျမာက္ကိုရီးယား ငါးဖမ္းသမားေတြ ဟာ ေဝးကြာလွ တဲ့ ႐ုရွားနဲ႕ ဂ်ပန္ေရျပင္ေတြ ဘက္ထိ သြားေရာက္ ငါးဖမ္းရာက ကံဆိုးတဲ့ေလွေတြ ၾကမၼာဆိုး တိုးၿပီး ေလွပ်က္ေတြ က ေရသင့္ တဲ့ ဂ်ပန္ကမ္းေျခ မွာ သြားတင္တာ လို႔ သုံးသပ္ၾကပါေၾကာင္း။
source : (Stanby M)

unicode

ပြီးခဲ့ တဲ့နှစ် တွေ အတွင်း ဂျပန်နိုင်ငံမြောက် ဘက်ကမ်းခြေ မှာ မြောက်ကိုရီးယား နိုင်ငံသားတွေ ရဲ့ အလောင်းတွေ ပါတဲ့ ငါးဖမ်းစက် လှေပျက် တွေ ကမ်းလာလာ တင် တတ် တယ် ။

၂၀၁၇ က မြောက် ကိုရီးယားလှေ အစင်း ၁၀၀ ကျော် ကမ်းလာတင်ပြီး အလောင်းက ၃၅ လောင်းပါတယ်။ နောက်နှစ်မှာ ၆၆ စင်း တွေ့တယ်။ သူရဲလှေ /တစ္ဆေသင်္ဘောလို့ ခေါ်ကြတဲ့ ဒီငါးဖမ်းလှေ ပျက်တွေ ဘာလို့လာ တင်လဲ ဘယ်သူမှေ သချာ မသိကြ ။ ရာသီဥတုကြောင့်၊ ဟောင်းနေတဲ့ စက်လှေတွေကြောင့် လို့ ထင်ကြေးပေးကြ နဲ့။

မကြာခင် ကတော့ Global Fishing Watch ဆိုတဲပ iNGO တစ်ဖွဲ့ က အစီရင်ခံစာထုတ်ပြန်လိုက် တယ်။ ၂၀၁၇ နဲ့ ၂၀၁၈ အတွင်း အရှေ့မြောက်အာရှ ရဲ့ရေကြောင်းလမ်းတွေကို ဂြိုဟ်တုနည်း ပညာသုံး ဆန်းစ စ်လေ့လာပြီး ထုတ်ပြန်တာ။ အခုလိုဖြစ်တာ တရုတ် ရဲ့ လျှို့ဝှက်ဖုံးကွယ်ထား တဲ့ ငါးဖမ်းသင်္ဘောအုပ်စုကြီးတွေကြောင့်လို့ ဆိုတယ်။

မြောက်ကိုရီးယား ကမ်းလွန် မှာ ရာပေါင်းများစွာသော တရုတ် ငါးဖမ်းသင်္ဘောတွေ တွေ့ခဲ့ရပြီး အဲဒါကြောင့် မြောက်ကိုရီးယားငါးဖမ်းလှေတွေက ပိုဝေးတဲ့နေရာတွေဘက် ထွက်ဖမ်းရင်း လှေမကောင်းတာ ရယ် ရာသီ ဥတုရယ်ကြောင့် ဒုက္ခရောက် ကုန်ခဲ့တယ် လို့ သုံး သပ်ထား တယ်။ ငွေလိုနေ တဲ့ မြောက်ကို ရီးယား အစိုးရက တရုတ်တွေ ကို ငါးဖမ်းခွင့် တိုးတိုးတိတ်တိတ် ရောင်းစားထား လို့ အိမ်ခံတံငါတွေက အဝေးကိုထွက် ဖမ်းရ တဲ့သဘော။

၂၀၁၇ မှာ ပဲ့ထိန်း ဒုံးကျည်တွေ အများကြီး ပစ်ခတ်ခြိမ်းခြောက်ခဲ့ လို့ဆိုပြီး ကုလသမဂ္ဂက မြောက်ကိုရီးယားကို ဒဏ်ခတ် ပိတ်ဆို့ထားတယ်။ အဲဒီပိတ်ဆို့မှုအရ မြောက်ကိုရီးယားမှာ ငါးဖမ်းတာ ဒါမှမဟုတ် မြောက်ကိုရီးယားငါးကို ဝယ်တာရောင်းတာ တရားမဝင်ပါဘူး။ ဒါပေမယ့် ၂၀၁၇ မှာ တရုတ်ငါးဖမ်းသင်္ဘော ၉၀၀၊ ၂၀၁၈ မျာ အစင်း ၇၀၀ လောက် မြောက်ကိုရီးယားကမ်းလွန်မှာ ငါးဖမ်းတာ ဟန့်တားခဲ့သူ ရှိခဲ့ပုံမရ။

ပိတ်ဆို့မှုမတိုင်ခင် မြောက်ကိုရီးယားရဲ့ငါးဖမ်း လုပ်ငန်း က တစ်နှစ် ဒေါ်လာ သန်း ၃၀၀ လောက် တန်ကြေးရှိခဲ့တယ်။ တရုတ်တွေ အဓိကဝင်ဖမ်းတာက တန်ဘိုးကြီးပင်လယ်စာတစ်မျိုးဖြစ်မယ့် ပြည်ကြီးငါးပျံ။ မြောက် ကိုရီးယား ကမ်းလွန်ကနေ ပြည်ကြီး ငါးပျံ တန် ၁၆၀ ၀၀၀ ကျော် ဖမ်းခဲ့ပုံရတယ်။ နှစ်နှစ်အတွင်း ဖမ်းခဲ့တဲ့ အဲဒီပမာဏက တောင်ကိုရီးယားနဲ့ ဂျပန်နှစ်နိုင်ငံပေါင်း ဖမ်းကြတဲ့ တန်ချိန်လောက် ရှိပြီး ဒေါ်လာ သန်း ၄၄၀ ကျော်ဘိုးပဲ။

မြောက်ကိုရီးယားအနေ နဲ့ ကိုယ့်ကမ်းလွန်မှာ ကိုယ့်ဘာသာငါးဖမ်းပြီး တစ်နည်းနည်း နဲ့ရောင်း(တရုတ်ကို ပဲဖြစ်ဖြစ် တိတ်တိတ်လေး)ရင် ပိုက်ဆံပို မရနိုင်ဘူးလား တွေးစရာ။ ပိတ်ဆို့မှုကို ချိုးဖောက်ပြီး ၂၀၁၈ မှာ မြောက်ကိုရီးယားက ငါးဖမ်း ခွင့်ရောင်းတာ ဒေါ်လာ သန်း ၁၂၀ လောက် ရတယ် လို့ ကုလကခန့်မှန်း ခဲ့တယ် ။ ပိုအကျိုး ရှိမှာကတော့ တရုတ် ငါးဖမ်းသင်္ဘောတွေပါပဲ။

ကိုယ့် ကမ်းလွန် မှာ လိုင်စင်ရ တရုတ် ငါးဖမ်းသင်္ဘော အုပ်စုကြီးတွေ ရှိနေလို့ ငါးဖမ်းခွင့်မသာတော့ တဲ့ မြောက်ကိုရီးယား ငါးဖမ်းသမားတွေ ဟာ ဝေးကွာလှ တဲ့ ရုရှားနဲ့ ဂျပန်ရေပြင်တွေ ဘက်ထိ သွားရောက် ငါးဖမ်းရာက ကံဆိုးတဲ့လှေတွေ ကြမ္မာဆိုး တိုးပြီး လှေပျက်တွေ က ရေသင့် တဲ့ ဂျပန်ကမ်းခြေ မှာ သွားတင်တာ လို့ သုံးသပ်ကြပါကြောင်း။
source : (Stanby M)

Add a Comment

Your email address will not be published. Required fields are marked *