တကယ် တွက် ကြည့်ရင် အမေရိ ကန် ကို ဘယ်လို မှ ယှဉ်နို င် မှာ မ ဟုတ် တဲ့ တရုတ်








source : Hlwan Wai Lwin

unicode

တရုတ် နဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးတွေ အပြန်အလှန် ပိတ်တယ် အတော်အခြေအနေ ဆိုးဆိုး ပဲ အမေရိကန်က တရုတ် ရဲ့အရှေ့ နဲ့အနောက် မှာ လေယာဉ်တင်သဘောင်္အုပ်စုတွေ တပ်ဖြန့်ချထား တယ် ဒီအခြေအနေ မှာ စစ်ဖြစ် ခဲ့ရင် “တရုတ်မှာ လဲ နျူကလီးယားလက်နက် ရှိတာပဲ” ဆိုတဲ့သူတွေ ကို အံ့သြ မိတယ်။

တရုတ်က နူကလီးယားဗုံးရှိတာ ဟုတ်တယ် အဲ့ဒါဘာ လုပ်ရမှာလဲ နူကလီးယားဗုံး က “ရောက်စေ” ဆိုပြီး လွှတ်မရဘူး အဲ့ဒီနူဗုံး ကို အမေရိ ကန်ရောက်ဖို့ ဘာနဲ့ ပစ်မှာ လဲ ဒုံးပျံရဲ့ထိပ်ဖူးမှာ တပ်ပစ်လို့ရတယ် ဒါပေမဲ့ အမေရိကန် အထိရောက်တဲ့ ဒုံးပျံ တရုတ်မှာမရှိသေးဘူး( ရှိခဲ့ရင်တောင် အမေရိကန်က ဒုံးခွင်းဒုံးတွေ ချထားလို့ကြားဖြတ်ပစ်ချမှာ) လေယာဉ်နဲ့တင်သွားပြီးပစ်ရအောင်လဲ အဲ့ဒီ လေယာဉ် အမေရိကန် အနားကပ် လို့ရမယ် ထင်သလား တရုတ်မှာ ရှိတဲ့ ဘယ်လေယာဉ် ထက်မဆို အမေရိကန်တိုက်လေယာဉ်တွေကသာတယ် တရုတ်ပြည်ကနေ အမေရိကန်အထိ ကမ္ဘာတစ်ခြမ်း ခေါက်ပြန်သွားနိုင်တဲ့ေ လယာဉ် တရုတ်မှာမရှိသေးဘူး

လေယာဉ် တင်သင်္ဘော နဲ့သွားမှာပေါ့ဆိုရအောင်လဲ တရုတ် မှာ ရှိတဲ့ ရုရှား အကျ ဂေါ်ကြီးပေါ်ကနေ အတက်အဆင်းကလေ့ကျင့်နေတုန်းပဲရှိသေးတယ် တရုတ်တိုက်လေယာဉ်မှူးတွေလဲ အဲ့ဒီအရည်ကျိုဂေါ်ကြီးပေါ် အတက်အဆင်းလေ့ကျင့်ရင်း ပြုတ်ကျပြီး ခဏခဏသေနေလို့ လေ့ကျင့်မှု့ပါရပ်ထားရတယ် အတက်အဆင်းလုပ်နိုင်ဦး အဲ့ဒီလေယာဉ်တင် သင်္ဘော အမေရိကန်ဆီချီတက် လာတာ ကို အမေရိကန်ကကြားဖြတ်မ တိုက်ပဲ ထိုင်ကြည့်နေတယ်ထင်မလား ရေငုပ်သင်္ဘောနဲ့သွားရအောင်လဲ တရုတ်ရေငုပ်သင်္ဘောတွေက အရမ်းဆူညံတယ်

အမေရိကန်က နူစွမ်း အင်သုံး ရေငုပ်သင်္ဘောတွေ ကမ္ဘာမှ ဘယ်လောက်ကင်းလှည့်နေမှန်း ဘယ်သူမှမသိဘူး အမေရိကန်မရောက်ခင် ရေအောက်သချိုင်းရောက်သွားမှာ ၊ တရုတ်မှာ မဟာမိတ်မရှိဘူး အမေရိကန်နိုင်ငံ အနီးက ဘယ်နိုင်ငံမှာမှ တရုတ်စစ်စခန်းမရှိဘူး ကနေဒါနဲ့လဲမတည့်ဘူး အခြားနိုင်ငံတွေနဲ့လဲမတည့်ဘူး တရုတ်မှာ အမေရိကန်ကိုယှဉ်ဖို့ ဘာမှမရှိဘူး နျူရှိလဲ သူ့နိုင်ငံထဲသူပစ်မှပဲ တခြား ဘယ်မှ ပစ်မရဘူး ရလှ ဂျပန်လိုအနီးဆုံးနိုင်ငံပဲရမယ် ပစ်ဦးတော့ မစဉ်းစားမဆင်ခြင်း နူထဖောက်လို့ကတော့ တရုတ်သမ္မတနဲ့အစိုးရ စစ်တပ်အကြီးအကဲတွေ ကြိုးစင်တက်ဖို့သာပြင် ထားတော့ပဲ

တရုတ်က အမေရိကန် ထိရောက်တာဘာ မှ မရှိပေမဲ့ အမေရိကန်က တရုတ် ကိုရောက်တယ် အမေရိကန် က အခုတ ရုတ် ကို လေယာဉ် တင်သင်္ဘော ၂ စီးနဲ့ဝိုင်းထားတာ လေယာဉ်တင်သင်္ဘောတစ်စီးမှာ F35 လိုတကယ့်ဖိုက်တာတိုက်လေယာဉ် အစီး ၈၀ ကျော်ပါ တယ် ဒါကတိုက်လေယာဉ်ချည့်ပြောတာ အခြားရေ ဒါလေယာဉ် ဗုံးကျဲလေယာဉ်တွေ ဘလက်ဟော့လိုစစ်ဆင်ရေးဟယ်လီကော်ပတာတွေပါသေးတယ် လေယာဉ်တင်သင်္ဘောတစ်စီးဆိုတာနဲ့ သူ့အပေါ်က တိုက်လေယာဉ်တွေ အပြင် ဖျက်သင်္ဘော ဒုံးတင်တိုက်သင်္ဘော ဖရီးဂိတ် နဲ့ ရေငုပ်သင်္ဘောတွေပါ အစောင့်အရှောက်အဖြစ်ရော တွဲဖက်စစ်ဆင်ရေး အတွက်ကော ယူနစ်တစ်ခုအဖြစ်အတူလိုက်တာ

အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘောဟာ မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ကုန်းပတ်အောက် မှာ တုန့်ပြန်ကာကွယ်ရေးလက်နက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတပ်ဆင်ထားသလို အထက်ကပြောခဲ့သလို အစောင့်အရှောက် သင်္ဘောတွေ ပါလိုက်တာ မို့ လေယာဉ်တင်သင်္ဘော တစ်စီးချီလာပြီဆို နိုင်ငံတစ်ခုကိုအသာလေးသိမ်းလို့ရတယ်။

အမေရိကန် ရဲ့လေယာဉ်တင်သဘောင်္ပေါ်မှာ စစ်သားက ၅၀၀၀ လောက်ပါတယ် တပ်ရင်း ဘယ်နှရင်းစာရှိမလဲတွက်ကြည့်လိုက် ပြီးတော့ အမေရိကန်လေယာဉ် တင်သင်္ဘော နဲ့ ဖရီးဂိတ်တွေ ရေငုပ်သင်္ဘောတွေက ဆီပြတ်တယ်ဆိုတာ မရှိဘူး နူစွမ်းအင် သုံးသင်္ဘောတွေ ပြီးတော့ အမေရိကန်က တရုတ် ပတ်ခြာလည် က မဟာမိတ်နိုင်ငံတွေ မှာ တပ်နား တပ်ချလို့ရတယ် ဂျပန် အိန္ဒိယ ထိုင်း ဖိလစ်ပိုင် ထိုင်ဝမ် တောင်ကိုရီးယား စင်ကာပူ စသဖြင့် အမေရိကန် က တပ်ထိုင်ပြီး ကို ထောက်ပို့စနစ်ကောင်းကောင်း နဲ့စစ်ခင်းလို့ ရတယ် တရုတ်ဟာ အမေရိကန်ကိုဘယ်လိုမှ ယှဉ်မရဘူး ဆိုတာကလေးက အစသိပေမဲ့ တရုတ်ကွန်မြူန စ်အစိုးရ က အံ့သြစရာကောင်းလောက်အောင် ရန်ဆောင်စကားတွေပြော တာတော့ သူပျက်စီးချိန်တန် လို့ဖြစ်မှာပါ ပျက်စီးချိန်တန်လာရင် အမှားတွေချည့် လုပ်မိတယ် ဆိုလားဗျာ

source : Hlwan Wai Lwin

Add a Comment

Your email address will not be published. Required fields are marked *