တက္ကသိုလ်တွေအွန်လိုင်းပြောင်းသင်ရင်လျှင်နိုင်ငံခြားသားကျောင်းသားတွေကို အမေရိကန် ဗီဇာ မပေးတော့ဟုတ်ထုတ်ပြန်

တက္ကသိုလ်တွေအွန်လိုင်းပြောင်းသင်ရင်လျှင်နိုင်ငံခြားသားကျောင်းသားတွေကို အမေရိကန် ဗီဇာ မပေးတော့ဟုတ်ထုတ်ပြန်

ဒီနှစ် အမေရိကန်ဆောင်းရာသီမှာ တက္ကသိုလ်တွေက သူတို့သင်တန်းတွေကို အွန်လိုင်းကနေ အပြည့်အ၀ ပြောင်းသင်မယ်ဆိုရင်၊ ကျောင်းသူကျောင်းသားတွေကလည်း လူကိုယ်တိုင်တက်ရတဲ့သင်တန်းကို ပြောင်းမတက်ဘူးဆိုရင် ဒီလို ကျောင်းသူကျောင်းသားတွေကို အမေရိကန်မှာနေထိုင်ခွင့် ပေးတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီစည်းမျဉ်းတွေကို
မလိုက်နာသူတွေဟာ အမေရိကန်ကနေ နှင်ထုတ်ခံရနိုင်တယ်လို့ အမေရိကန် လူဝင်မှုနဲ့ အကောက်ခွန်ဌာနက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အမေရိကန်တက္ကသိုလ်အတော်များများက သင်တန်းတွေကို အွန်လိုင်းကပြောင်းသင်နေရချိန်မှာ ကျောင်းသားတွေကို ဗီဇာပိတ်ပင်မယ့် ထရမ့်အစိုးရရဲ့ ညွန်ကြားချက် ထွက်လာတာပါ။

ဒီညွန်ကြားချက်က နိုင်ငံခြားကျောင်းသူကျောင်းသား ဘယ်လောက်ကို သက်ရောက်စေမယ် ဆိုတာတော့ မသဲကွဲသေးပါဘူး။

နိုင်ငံခြားကျောင်းသားတွေရဲ့ ပညာသင်အခပေးချေငွေက အမေရိကန်တက္ကသိုလ်အတွက် သိသာထင်ရှားတဲ့ ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ အမေရိကန်စီးပွားရေးမှာ နိုင်ငံတကာကျောင်းသားတွေကဏ္ဍ ပါဝင်မှုက ဒေါ်လာ ၄၅ ဘီလီယံ ရှိခဲ့ပါတယ်။

တက္ကသိုလ်မှာနေတဲ့ ကျောင်းသားတွေအပါအဝင် စာသင်နှစ်သစ်အတွက် ကျောင်းသားတွေ ပြန်ရောက်လာတဲ့အခါ သင်ခန်းစာအားလုံးကို အွန်လိုင်းက ပြောင်းရွှေ့မယ်လို့ ဟားဗတ်တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

လူဝင်မှုနဲ့ အကောက်ခွန်ဌာနကကြီးကြပ်တဲ့ ဧည့်သည်ကျောင်းသားဖလှယ်ရေးစီမံကိန်းအရ လာတဲ့ နိုင်ငံခြားကျောင်းသားတွေတော့ အွန်လိုင်းက ဆက်သင်ရပေမယ့် ၂၀၂၀ နွေရာသီမှာ အမေရိကန်ထဲ ဆက်နေခွင့်ရမယ် ဆိုပါတယ်။

အခုညွန်ကြားချက်က F-1 နဲ့ M-1 ဗီဇာကိုင်ထားသူတွေကို သက်ရောက်စေမှာပါ။ ၂၀၁၉ စာရင်းအရ အမေရိကန်မှာ F-1 ဗီဇာကိုင်ဆောင်ထားသူ ၃၈၀၀၀၀ ကျော်နဲ့ M-1 ဗီဇာကိုင်ဆောင်သူ ၉၅၀၀ ကျော် ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *