တ႐ုတ္ကြန္ျမဴနီပါတီဝင္ေတြရဲ့ ကိုယ္ေရးအခ်က္အလက္မ်ားစြာပါဝင္တဲ့ ကမၻာေက်ာ္လၽွို႔ဝွက္ေပါက္ၾကားမွုႀကီး
|ကမၻာတလႊား၌ တ႐ုတ္ကြန္ျမဴနစ္ပါတီအဖြဲ႕ ဝင္ႏွစ္သန္းနီးပါးတို႔ရဲ့ အေသးစိတ္အခ်က္ အလက္မ်ားပါ၀င္ေသာ လၽွို႔ဝွက္ခ်က္ ေဒတာေပါက္ၾကားမွုႀကီး ထူးဆန္းစြာျဖစ္ခဲ့ပါသည္။ထို ေပါက္ၾကားမွုႀကီးဟာ telegramကေန အရင္ဆုံး ျပန္႔ႏွံ့ေပါက္ၾကားမွု ျဖစ္ခဲ့ျခင္းလည္းျဖစ္သည္။အဲဒီ ေပါက္ၾကားမွုႀကီး၌အဖြဲ႕ဝင္မ်ားဟာ တ႐ုတ္ ကြန္ျမဴနစ္ပါတီရဲ့ ညႊန္ၾကားခ်က္အတိုင္း ဘယ္လိုေဆာင္ရြက္လုပ္ကိုင္ေနၾကပုံ၊ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ့ ၾသဇာကိုဘယ္လိုခံၾကပုံက အစ ပါတီတြင္းလွုပ္ရွားေဆာင္ရြက္မွုႏွင့္ ပါတီအဖြဲ႕ဝင္အျဖစ္ ရပ္တည္ေနၾကေပမယ့္
လူအမ်ားမရိပ္မိေအာင္ မည္ကဲ့သို႔လၽွို႔ဝွက္စြာ ေနထိုင္ေဆာင္ရြက္ၾကပုံေတြအထိ ပါဝင္ေနၿပီး CCPအဖြဲ႕ဝင္တို႔ရဲ့ အမည္၊ပါတီရာထူး၊ေမြးေန႔သကၠရာဇ္ႏွင့္ လူမ်ိဳးက အစ သိရွိနိုင္တဲ့ပထမဆုံးေသာ လၽွို႔ဝွက္ ေပါက္ၾကားမွု႔ႀကီးရဲ့ေဒတာ၊အခ်က္အလက္၊အေၾကာင္းအရာမ်ားတို႔ဟာ သတင္းမီဒီယာမ်ားတို႔ရဲ့လက္ထဲသို႔ ျပန္ႏွံ့ေရာက္ရွိသြားၿပီလည္းျဖစ္သည္။Sky news႐ုပ္သံ ပင္တိုင္ စီစဥ္တင္ဆက္သူ Ms Markson ကလည္း လၽွို႔ဝွက္ေပါက္ၾကားမွု database အရေတာ့ တ႐ုတ္ကြန္ျမဴနစ္ပါတီဝင္ေတြဟာ ၾသစေၾတးလ်ကေန အေမရိကန္၊ၿဗိတိန္တို႔အထိ ရွိေနၾကၿပီးကမၻာတလႊား၌ ေနရာအႏွံ့တို႔၌ ရွိေနၾကၿပီး သူတို႔မည္သူ၊မည္ဝါေတြပင္ျဖစ္ၾကေၾကာင္းကို အတိအက်ေဖာ္ထုတ္နိုင္တဲ့ အထိ အေၾကာင္းအခ်က္အလက္ အစုံအလင္ပါရွိတယ္လို႔ ဆိုထားပါသည္။
Ms Markson ရဲ့လၽွို႔ဝွက္ေပါက္ၾကားမွု database ကို အေျခခံၿပီးေတာ့ ေျပာၾကားမွု၌ တ႐ုတ္ကြန္ျမဴနစ္ပါတီဝင္ေတြရဲ့ ေျခဆန္႔လက္ဆန္႔ ရွိနိုင္မွုဟာ အလြန္က်ယ္ျပန္႔ၿပီး တခ်ိဳ႕က ကမၻ့ာအႀကီးဆုံးကုမၸဏီႀကီးေတြ၌ အလုပ္လုပ္ေနၾကၿပီး၊တခ်ိဳ႕က အစိုးရ ေအဂ်င္စီ၊အဖြဲ႕အစည္းမ်ားတို႔၌ပင္ ပါဝင္လွုပ္ရွားေနၾကသူေတြအျဖစ္လည္း ရွိေနၾကသည္ဟု ဆိုထားပါသည္။ပါတီဝင္ဦးေရက ၁.၉၅သန္းအထိရွိေနၿပီး အမ်ားစုက ရွန္ဟိုင္းမွျဖစ္ၾကၿပီး ကြန္ျမဴနစ္ပါတီbranches ၇၉၀၀၀ရဲ့ အေသးစိတ္အခ်က္အလက္ေတြလည္း ထိုေပါက္ၾကားမွု၌ သိရွိရနိုင္တယ္လို႔လည္း Ms Marksonက ဆိုထားပါသည္။
ယခုလို လၽွို႔ဝက္ခ်က္ ေပါက္ၾကားမွု႔ဟာ ရွားေတာင့္ရွားပါး အေနအထားသာျဖစ္ၿပီး တ႐ုတ္သမၼတ ရွီက်င့္ဖ်င္အတြက္ေတာ့အေတာ္ေလး ေခါင္းေျခာက္စရာ အျဖစ္ရွိနိုင္ပါသည္။ထို႔အျပင္ နိုင္ငံတကာ ကုမၸဏီႀကီးေတြ အေနျဖင့္လည္း ဥာဏပစၥည္း ခိုးယူခံရမွုကို အေသအခ်ာ အကာအကြယ္ လုပ္ထားသည့္အစီအစဥ္မ်ိဳးေတြ မရွိေသးဘူးဆိုတာကိုလည္း မီးေမာင္းထိုးျပလိုက္သလိုလည္းျဖစ္ပါသည္။တ႐ုတ္ကြန္ျမဴနစ္ ပါတီဝင္ေတြဟာ ေနရာအႏွံ့၊နယ္ပယ္အႏွံ့၊နိုင္ငံအႏွံ့တို႔၌ ရွိေနၾကတာျဖစ္ၿပီး၊တခ်ိဳ႕ေသာပါတီဝင္ေတြက နိုင္ငံမ်ားစြာတို႔ရဲ့ အုပ္ခ်ဳပ္ေရးအတြင္းစည္းပိုင္းေလာက္အထိေတာင္ ေရာက္ရွိေနၾကၿပီျဖစ္လို႔ ကမၻာ့နိုင္ငံမ်ားတို႔ အေနျဖင့္အထူးသတိထားေစာင့္ၾကည့္ရပါေတာ့မည္။
ျမန္မာ၌လည္း CCP အဖြဲ႕ဝင္ေတြက ဘယ္ေနရာမွာ ဘယ္ေလာက္အထိ ေနရာယူထားၿပီး ဘယ္လိုေတြ ေလာ္ဘီလုပ္ အျမတ္ထုတ္ေနၾကသလဲဆိုတာကို အထူးသတိထား ဆန္းစစ္၊ ေစာင့္ၾကည့္မွုေတြ လုပ္သင့္ပါသည္။
KoNayNay အားေလးစားစြာ ခရက္ဒစ္ေပးပါသည္။
မၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။
unicode
ကမ္ဘာတလွှား၌ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ ဝင်နှစ်သန်းနီးပါးတို့ရဲ့ အသေးစိတ်အချက် အလက်များပါဝင်သော လျှို့ဝှက်ချက် ဒေတာပေါက်ကြားမှုကြီး ထူးဆန်းစွာဖြစ်ခဲ့ပါသည်။ထို ပေါက်ကြားမှုကြီးဟာ telegramကနေ အရင်ဆုံး ပြန့်နှံ့ပေါက်ကြားမှု ဖြစ်ခဲ့ခြင်းလည်းဖြစ်သည်။အဲဒီ ပေါက်ကြားမှုကြီး၌အဖွဲ့ဝင်များဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ညွှန်ကြားချက်အတိုင်း ဘယ်လိုဆောင်ရွက်လုပ်ကိုင်နေကြပုံ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ သြဇာကိုဘယ်လိုခံကြပုံက အစ ပါတီတွင်းလှုပ်ရှားဆောင်ရွက်မှုနှင့် ပါတီအဖွဲ့ဝင်အဖြစ် ရပ်တည်နေကြပေမယ့်
လူအများမရိပ်မိအောင် မည်ကဲ့သို့လျှို့ဝှက်စွာ နေထိုင်ဆောင်ရွက်ကြပုံတွေအထိ ပါဝင်နေပြီး CCPအဖွဲ့ဝင်တို့ရဲ့ အမည်၊ပါတီရာထူး၊မွေးနေ့သက္ကရာဇ်နှင့် လူမျိုးက အစ သိရှိနိုင်တဲ့ပထမဆုံးသော လျှို့ဝှက် ပေါက်ကြားမှု့ကြီးရဲ့ဒေတာ၊အချက်အလက်၊အကြောင်းအရာများတို့ဟာ သတင်းမီဒီယာများတို့ရဲ့လက်ထဲသို့ ပြန်နှံ့ရောက်ရှိသွားပြီလည်းဖြစ်သည်။Sky newsရုပ်သံ ပင်တိုင် စီစဉ်တင်ဆက်သူ Ms Markson ကလည်း လျှို့ဝှက်ပေါက်ကြားမှု database အရတော့ တရုတ်ကွန်မြူနစ်ပါတီဝင်တွေဟာ သြစတြေးလျကနေ အမေရိကန်၊ဗြိတိန်တို့အထိ ရှိနေကြပြီးကမ္ဘာတလွှား၌ နေရာအနှံ့တို့၌ ရှိနေကြပြီး သူတို့မည်သူ၊မည်ဝါတွေပင်ဖြစ်ကြကြောင်းကို အတိအကျဖော်ထုတ်နိုင်တဲ့ အထိ အကြောင်းအချက်အလက် အစုံအလင်ပါရှိတယ်လို့ ဆိုထားပါသည်။
Ms Markson ရဲ့လျှို့ဝှက်ပေါက်ကြားမှု database ကို အခြေခံပြီးတော့ ပြောကြားမှု၌ တရုတ်ကွန်မြူနစ်ပါတီဝင်တွေရဲ့ ခြေဆန့်လက်ဆန့် ရှိနိုင်မှုဟာ အလွန်ကျယ်ပြန့်ပြီး တချို့က ကမ္ဘ့ာအကြီးဆုံးကုမ္ပဏီကြီးတွေ၌ အလုပ်လုပ်နေကြပြီး၊တချို့က အစိုးရ အေဂျင်စီ၊အဖွဲ့အစည်းများတို့၌ပင် ပါဝင်လှုပ်ရှားနေကြသူတွေအဖြစ်လည်း ရှိနေကြသည်ဟု ဆိုထားပါသည်။ပါတီဝင်ဦးရေက ၁.၉၅သန်းအထိရှိနေပြီး အများစုက ရှန်ဟိုင်းမှဖြစ်ကြပြီး ကွန်မြူနစ်ပါတီbranches ၇၉၀၀၀ရဲ့ အသေးစိတ်အချက်အလက်တွေလည်း ထိုပေါက်ကြားမှု၌ သိရှိရနိုင်တယ်လို့လည်း Ms Marksonက ဆိုထားပါသည်။
ယခုလို လျှို့ဝက်ချက် ပေါက်ကြားမှု့ဟာ ရှားတောင့်ရှားပါး အနေအထားသာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက်တော့အတော်လေး ခေါင်းခြောက်စရာ အဖြစ်ရှိနိုင်ပါသည်။ထို့အပြင် နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အနေဖြင့်လည်း ဉာဏပစ္စည်း ခိုးယူခံရမှုကို အသေအချာ အကာအကွယ် လုပ်ထားသည့်အစီအစဉ်မျိုးတွေ မရှိသေးဘူးဆိုတာကိုလည်း မီးမောင်းထိုးပြလိုက်သလိုလည်းဖြစ်ပါသည်။တရုတ်ကွန်မြူနစ် ပါတီဝင်တွေဟာ နေရာအနှံ့၊နယ်ပယ်အနှံ့၊နိုင်ငံအနှံ့တို့၌ ရှိနေကြတာဖြစ်ပြီး၊တချို့သောပါတီဝင်တွေက နိုင်ငံများစွာတို့ရဲ့ အုပ်ချုပ်ရေးအတွင်းစည်းပိုင်းလောက်အထိတောင် ရောက်ရှိနေကြပြီဖြစ်လို့ ကမ္ဘာ့နိုင်ငံများတို့ အနေဖြင့်အထူးသတိထားစောင့်ကြည့်ရပါတော့မည်။
မြန်မာ၌လည်း CCP အဖွဲ့ဝင်တွေက ဘယ်နေရာမှာ ဘယ်လောက်အထိ နေရာယူထားပြီး ဘယ်လိုတွေ လော်ဘီလုပ် အမြတ်ထုတ်နေကြသလဲဆိုတာကို အထူးသတိထား ဆန်းစစ်၊ စောင့်ကြည့်မှုတွေ လုပ်သင့်ပါသည်။
KoNayNay အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။
မျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။