တ႐ုတ္နဲ႔တင္းမာမွုေတြျမင့္တက္ေနစဥ္မွာ အေမရိကန္ F−35 ကိုယ္ေပ်ာက္တိုက္ေလယာဥ္ေတြ စစ္ေရးေလ့က်င့္မူျပဳလုပ္ေန

အေမရိကန္ ႏိုင္ငံက ဇူလိုင္ ၂၁ ရက္တြင္ ဟူစတန္ ၿမိဳ႕ ရွိ တ႐ုတ္ ႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး အား ပိတ္သိမ္းရန္ ၫြန္ၾကားခ်က္ထုတ္ခဲ့ၿပီးေနာက္ တ႐ုတ္ ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန က တ႐ုတ္ ႏိုင္ငံ ခ်ိန္တူး တြင္ တည္ေထာင္ထားသည့္ အေမရိကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး ပိတ္သိမ္းရန္ ႏွင့္ လႈပ္ရွားမႈမ်ား အား ရပ္တန႔္ ရန္ အေသးစိတ္အခ်က္အလက္မ်ားကို ဇူလိုင္ ၂၄ ရက္ နံနက္ပိုင္း အခ်ိန္ တြင္ တ႐ုတ္ ႏိုင္ငံ ဆိုင္ရာ အေမရိကန္ သံ႐ုံး အား အေၾကာင္းၾကား ခဲ့ေၾကာင္း သိရွိရသည္။

အခုလို ႏွစ္ႏိုင္ငံၾကားတင္းမာမူေတြျမင့္တက္ေနစဥ္မွာပဲ အေမရိကန္ေလတပ္က F35 ကိုယ္ေပ်ာက္တိုက္ေလယာဥ္ ၅၂ စီး စစ္ေရးေလ့က်င့္မူလုပ္သြားခဲ့တယ္လို႔ သိရပါတယ္။ F-35 ကိုယ္ေပ်ာက္တိုက္ေလယာဥ္ေတြဟာ သမိုင္းတစ္ေလွ်ာက္မွာ ေစ်းအႀကီးဆုံး စစ္လက္နက္အျဖစ္ သတ္မွတ္ခံရတာ ျဖစ္ပါတယ္။ ဒီေလယာဥ္ေတြ တည္ေဆာက္ေရးမွာ တိုက္ပြဲဝင္ဖို႔ အသင့္ျဖစ္ၿပီလို႔ ယူဆရခ်ိန္အထိ အမ်ိဳးမ်ိဳးေသာ ၾကန႔္ၾကာမႈေတြနဲ႔ ေလယာဥ္တစ္စင္း ထုတ္ႏိုင္ဖို႔အတြက္ကို အေတာ္ေလး ဖိဖိစီးစီး ဖန္တီးထုတ္လုပ္ရတာ ျဖစ္ပါတယ္။

ေလတပ္ရဲ႕ အနာဂတ္အျဖစ္ ရႈျမင္ထားတဲ့ ဒီ F-35 အမ်ိဳးအစား တိုက္ေလယာဥ္ေတြဟာ စြယ္စုံရတိုက္ေလယာဥ္ေတြျဖစ္ၿပီး ဖ်က္အားျပင္းစစ္လက္နက္ေတြပါပဲ။ ေရဒါနဲ႔ ဖမ္းမရႏိုင္တဲ့ စြမ္းေဆာင္ရည္၊ အသံထက္ ျမန္တဲ့ အလ်င္ႏႈန္း၊ အလြန္လ်င္ျမန္သြက္လက္ေပါ့ပါးမႈ၊ ေခတ္ဆန္းအာ႐ုံခံနည္းပညာတို႔ကို ပိုင္္ဆိုင္ထားတဲ့ တိုက္ေလယာဥ္မ်ိဳးစုျဖစ္တယ္လို႔ တည္ေဆာက္တဲ့ စစ္လက္နက္ကုမၸဏီ Lockheed Martin အရ သိရပါတယ္။

F-35B ဟာလည္း F-35 တိုက္ေလယာဥ္အုပ္ထဲက မ်ိဳးကြဲေလယာဥ္တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ထူးျခားမႈပိုလာတာကေတာ့ F-35B တိုက္ေလယာဥ္ေတြဟာ ရဟတ္ယာဥ္ေတြလို မ်ဥ္းမတ္အတိုင္း ဆင္းသက္ႏိုင္တာ ျဖစ္ပါတယ္။ အျခားတိုက္ေလယာဥ္ေတြထက္ ပိုၿပီးလည္း ပ်ံတက္ဖို႔အတြက္ ေျပးလမ္းေၾကာင္း တိုတိုအတြင္း ပ်ံတက္ႏိုင္တာ ျဖစ္ပါတယ္။

F-35 တိုက္ေလယာဥ္ေတြဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အႀကိဳက္ေတြ႕တဲ့ တိုက္ေလယာဥ္ေတြပဲ ျဖစ္ၿပီး မျမင္ရခင္ကတည္းက ခ်ီးမႊမ္းအားရေနခဲ့တာ ျဖစ္ပါတယ္။ ဒီေလယာဥ္ေတြဟာ တစ္ဖက္ရန္သူ ေရဒါေတြရဲ႕ ေထာက္လွမ္းျမင္ႏိုင္မႈအေပၚမွာ စြမ္းေဆာင္ရည္ ေလွ်ာ့ခ်ထားေပမယ့္လည္း အမွန္တကယ္ ေရဒါမွာ မေတြ႕ျမင္တဲ့ ကိုယ္ေပ်ာက္စြမ္းရည္ကေတာ့ ထက္ထက္ျမက္ျမက္ ရွိေနတဲ့ တိုက္ေလယာဥ္ေတြပဲ ျဖစ္ပါတယ္။

Rf; CNN
ေလးစားမွုျဖင္႔ ခရစ္ဒက္ YGN Times

unicode

အမေရိကန် နိုင်ငံက ဇူလိုင် ၂၁ ရက်တွင် ဟူစတန် မြို့ ရှိ တရုတ် နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး အား ပိတ်သိမ်းရန် ညွန်ကြားချက်ထုတ်ခဲ့ပြီးနောက် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က တရုတ် နိုင်ငံ ချိန်တူး တွင် တည်ထောင်ထားသည့် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး ပိတ်သိမ်းရန် နှင့် လှုပ်ရှားမှုများ အား ရပ်တန့် ရန် အသေးစိတ်အချက်အလက်များကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်း အချိန် တွင် တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အား အကြောင်းကြား ခဲ့ကြောင်း သိရှိရသည်။

အခုလို နှစ်နိုင်ငံကြားတင်းမာမူတွေမြင့်တက်နေစဉ်မှာပဲ အမေရိကန်လေတပ်က F35 ကိုယ်ပျောက်တိုက်လေယာဉ် ၅၂ စီး စစ်ရေးလေ့ကျင့်မူလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေဟာ သမိုင်းတစ်လျှောက်မှာ ဈေးအကြီးဆုံး စစ်လက်နက်အဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေ တည်ဆောက်ရေးမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ပြီလို့ ယူဆရချိန်အထိ အမျိုးမျိုးသော ကြန့်ကြာမှုတွေနဲ့ လေယာဉ်တစ်စင်း ထုတ်နိုင်ဖို့အတွက်ကို အတော်လေး ဖိဖိစီးစီး ဖန်တီးထုတ်လုပ်ရတာ ဖြစ်ပါတယ်။

လေတပ်ရဲ့ အနာဂတ်အဖြစ် ရှုမြင်ထားတဲ့ ဒီ F-35 အမျိုးအစား တိုက်လေယာဉ်တွေဟာ စွယ်စုံရတိုက်လေယာဉ်တွေဖြစ်ပြီး ဖျက်အားပြင်းစစ်လက်နက်တွေပါပဲ။ ရေဒါနဲ့ ဖမ်းမရနိုင်တဲ့ စွမ်းဆောင်ရည်၊ အသံထက် မြန်တဲ့ အလျင်နှုန်း၊ အလွန်လျင်မြန်သွက်လက်ပေါ့ပါးမှု၊ ခေတ်ဆန်းအာရုံခံနည်းပညာတို့ကို ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်မျိုးစုဖြစ်တယ်လို့ တည်ဆောက်တဲ့ စစ်လက်နက်ကုမ္ပဏီ Lockheed Martin အရ သိရပါတယ်။

F-35B ဟာလည်း F-35 တိုက်လေယာဉ်အုပ်ထဲက မျိုးကွဲလေယာဉ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထူးခြားမှုပိုလာတာကတော့ F-35B တိုက်လေယာဉ်တွေဟာ ရဟတ်ယာဉ်တွေလို မျဉ်းမတ်အတိုင်း ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။ အခြားတိုက်လေယာဉ်တွေထက် ပိုပြီးလည်း ပျံတက်ဖို့အတွက် ပြေးလမ်းကြောင်း တိုတိုအတွင်း ပျံတက်နိုင်တာ ဖြစ်ပါတယ်။

F-35 တိုက်လေယာဉ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အကြိုက်တွေ့တဲ့ တိုက်လေယာဉ်တွေပဲ ဖြစ်ပြီး မမြင်ရခင်ကတည်းက ချီးမွှမ်းအားရနေခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေဟာ တစ်ဖက်ရန်သူ ရေဒါတွေရဲ့ ထောက်လှမ်းမြင်နိုင်မှုအပေါ်မှာ စွမ်းဆောင်ရည် လျှော့ချထားပေမယ့်လည်း အမှန်တကယ် ရေဒါမှာ မတွေ့မြင်တဲ့ ကိုယ်ပျောက်စွမ်းရည်ကတော့ ထက်ထက်မြက်မြက် ရှိနေတဲ့ တိုက်လေယာဉ်တွေပဲ ဖြစ်ပါတယ်။

Rf; CNN
လေးစားမှုဖြင့် ခရစ်ဒက် YGN Times

Add a Comment

Your email address will not be published. Required fields are marked *