ထရမ့်က ၎င်းကိုမဲပေးလိုခြင်းမရှိတဲ့ ရီပတ်ဗလင်ကင်ထောက်ခံသူတွေကို “မိုက်မဲသူတွေ” လို့ ကင်ပွန်းတပ်

ထရမ့်က ၎င်းကိုမဲပေးလိုခြင်းမရှိတဲ့ ရီပတ်ဗလင်ကင်ထောက်ခံသူတွေကို “မိုက်မဲသူတွေ” လို့ ကင်ပွန်းတပ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မနေ့က တနင်္လာနေ့မှာ ၎င်းကိုမဲပေးလိုခြင်းမရှိတဲ့ ရီပတ်ဗလင်ကင် ထောက်ခံသူတွေကို “မိုက်မဲသူတွေ” လို့ ကင်ပွန်းတပ်လိုက်ပြီး မဲရုံစစ်တမ်းတွေမှာ ၎င်းကိုထောက်ခံမှု ဘယ်လိုပဲကျဆင်းနေပါစေ သူ့အနေနဲ့ ဒုတိယသက်တမ်းရွေးကောက်ပွဲကို အောင်မြင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ထရမ့်က သူ့ရွေးကောက်ပွဲကမ်ပိန်းရဲ့ ကိုယ်ပိုင်မဲရုံစစ်တမ်းကို ထုတ်ပြန်လိုက်ပြီး ဒီအချက်အလက်တွေဟာ ပရော်ဖက်ရှင်နယ်ပီပီသသ ကောက်ယူထားတဲ့စစ်တမ်းတွေဖြစ်ကြောင်းနဲ့ ဒုတိယသက်တမ်းကို ၎င်းအနိုင်ရရှိလိမ့်မယ်လို့ပြသနေကြောင်းနဲ့ သတင်းဌာနတွေက ဖော်ပြနေတဲ့ “ထရမ့်အနိုင်ရခြေလုံးဝမရှိ” ဆိုတဲ့ ရွေးကောက်ပွဲစစ်တမ်းတွေဟာ ရယ်စရာအသွင်အဖြစ် ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

ထရမ့်က ရီပတ်ဗလင်ကန်စစ်တမ်းတွေအရ သူ့ကို ထောက်ခံသူ ၉၅ ရာခိုင်နှုန်းထိရှိနေတယ်လို့ ပြောကြားခဲ့ပေမယ့် ဘယ်စစ်တမ်းကို ကိုးကားပြီးပြောတယ်ဆိုတာ မသိကြပါဘူး။ သူရည်ညွန်းတဲ့စစ်တမ်းထဲက သူ့ကိုထောက်ခံလိုခြင်းမရှိတဲ့ ၅ ရာခိုင်နှုန်းနဲ့ပတ်သက်ပြီးလည်း ထရမ့်က အခုလိုပြောသွားပါတယ်။

” ကျွန်တော့်အမြင်အရတော့ ၅ ရာခိုင်နှန်ုးဟာ ရီနိုတွေဖြစ်ပြီး မိုက်မဲတဲ့သူတွေပါ။ သူတို့အနေနဲ့ မြင့်မြတ်တဲ့ တရားရုံးသူကြီးတွေနဲ့ တရားရုံးအစစ်အမှန်တွေ၊ ပိုပြီးပြည့်စုံကြွယ်ဝ ပါဝါရှိတဲ့ စစ်တပ်တွေ၊ အခွန်သက်သာမှုတွေ၊ ပိုမိုပြည့်စုံတဲ့ ကာကွယ်မှုတွေ၊ ဘဝတွေနဲ့ အခြားအရာတွေကို မလိုချင်တဲ့လူတွေပဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။

လက်တွေ့မှာ ရွေးကောက်ပွဲစစ်တမ်းအများစုက ပြနေတာကတော့ ထရမ့်ဟာ ရီပတ်ဗလင်ကန်တွေကြားမှာ ပေါ်ပြူလာ ဖြစ်နေတုန်းဆိုတာ ဟုတ်ပေမယ့် သူ့ကိုထောက်ခံသူ ၉၅ ရာခိုင်နှုန်းမရှိဘူးလို့ ဆိုပါတယ်။ သူ့ကို ထောက်ခံသူအများဆုံး အဖြစ် ပြနေတဲ့ စစ်တမ်းတစ်ခုက Gallup အဖွဲ့အစည်းက ပြုလုပ်တဲ့ စစ်တမ်းသာဖြစ်ပြီး ၈၅ ရာခိုင်နှုန်းသာ ထောက်ခံကြတာဖြစ်တယ်လို့ ဆိုပါတယ်။

” ဝမ်းနည်းစွာ သတင်းပေးရမယ်ဆိုရင် ဒီမိုကရက်တွေနဲ့ မဆိုင်ပါဘူး၊ ပါတီတွင်းပြုလုပ်တဲ့စစ်တမ်းတွေမှာ ကျွန်တော်ဟာ အခြေအနေကောင်းနေပါတယ်။ ဒါပေမယ့် ၂၀၁၆ တုန်းကလိုပါပဲ။ သတင်းဌာနတွေက ဖော်ပြနေတဲ့ စစ်တမ်းတွေအကုန်လုံးမှာ ကျွန်တော်က ကျဆင်းနေပါတယ်။ ဒါဟာ အစစ်အမှန်တွေမဟုတ်ပါဘူး။ ရယ်စရာတစ်ခုအနေနဲ့ပြောရရင် တကယ်လို့ ရွေးကောက်ပွဲမှာ ကျွန်တော်နိုင်ရင် ဒီစစ်တမ်းတွေကို ဖော်ပြနေသူတွေနဲ့ လုပ်နေသူတွေ လာတောင်းပန်မလားဆိုတာ မေးချင်ပါတယ်။ ပြည်သူတွေက ဥပဒေ၊ အမိန့်နဲ့ လုံခြုံမှုကို လိုချင်သူတွေပါ” လို့ ၎င်းရဲ့ တွဒ်တာပို့စ်တစ်ခုမှာ ထရမ့်က ရေးသားထားပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ……..Myanmar Harp Media

Add a Comment

Your email address will not be published. Required fields are marked *