ဒလတံတားတည်ဆောက်တဲ့နေရာမှာ ရေထဲကျသွားတဲ့ တရုတ်နိုင်ငံသားရဲ့အလောင်းကို (၃)ရက်အကြာမှာ ပြန်ရှာတွေ့

ဒလတံတားတည်ဆောက်တဲ့နေရာမှာ ရေထဲကျသွားတဲ့ တရုတ်နိုင်ငံသားရဲ့အလောင်းကို (၃)ရက်အကြာမှာ ပြန်ရှာတွေ့

ဒလတံတားတည်ဆောက်နေတဲ့နေရာမှာ ရေထဲပြုတ်ကျသွားခဲ့တဲ့ တရုတ်နိုင်ငံသားရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့ပြီလို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

“သူ့ကိုအခုမှတွေ့တာ အလောင်းက ရေထဲမှာပဲရှိသေးတယ်။ ကုန်းပေါ်ကိုတောင်မတင်ရသေးဘူး။ ပြုတ်ကျ သွားတဲ့သူက အလုပ်သမားခေါင်းဆောင် မြန်မာအလုပ်သမားတွေရော အကုန်လုံးကိုကြီးကြပ်တဲ့သူပါ။ သူ့အသက်က (၃၃) နှစ်ရှိပါပြီ”လို့ ဒလမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှေရင်က O Media ကိုပြောပါတယ်။

ရေထဲကိုပြုတ်ကျသွားခဲ့တဲ့ တရုတ်နိုင်ငံသားဟာ ဇွန်လ(၂၇) ရက်နေ့ ညပိုင်းက ရေထဲကိုပြုတ်ကျသွားခဲ့တာ ဖြစ်ပြီး ဒီနေ့မှာတော့ သူပြုတ်ကျခဲ့တဲ့နေရာရဲ့ ဆယ်ပေအကွာလောက်မှာ ပြန်တွေ့ခဲ့တာလို့ သိရပါတယ်။

“သူ့ကို ကျွန်တော်တို့ ရှာနေတာဒီနေ့နဲ့ဆိုရင် (၃) ရက်ရှိပါပြီ၊ အခုတော့ အလောင်းကိုပြန်ရှာတွေ့ထားပါပြီ။ ကျွန်တော်တို့ လုပ်စရာရှိတာတွေဆက်လုပ်သွားဦးမှာပါ” လို့ ဒလမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးသန်းဦးက O Media ကို ပြောပါတယ်။

အဲ့ဒီတရုတ်နိုင်ငံသားကို ရေကြောင်းရဲတပ်ဖွဲ့၊ စီမံကိန်းပိုင် Speed Boat (၂) စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ပိုင် Speed Boat (၁) စီးနဲ့ ဒလကမ်းဘက်က သဗ္မာန်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်…………O Media

Add a Comment

Your email address will not be published. Required fields are marked *