ဒလတံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်စဉ်ရန်ကုန်မြစ်အတွင်း ခြေချော်ကျသွားသည့် တရုတ်နိုင်ငံသားကို ယခုတိုင် ရှာမတွေ့သေး

ဒလတံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်စဉ်ရန်ကုန်မြစ်အတွင်း ခြေချော်ကျသွားသည့် တရုတ်နိုင်ငံသားကို ယခုတိုင် ရှာမတွေ့သေး

ရန်ကုန်-ဒလတံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ တရုတ်နိုင်ငံသားတဦးမှာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရန်ကုန်မြစ်အတွင်းသို့ ခြေချော်ကျခဲ့ကြောင်း ဆောက် လုပ်ရေး ဝန် ကြီးဌာန၊ တံ တား ဦးစီးဌာနမှ သတင်းရရှိသည်။

ယင်းတရုတ်နိုင်ငံသား(အမျိုးသား)မှာ အလုပ်သမားခေါင်းဆောင်ဖြစ်ပြီး ဒလဘက်ကမ်းရှိ လုပ်ငန်းခွင် ဧရိယာ working platformတွင် လုပ်ငန်းများဆောင်ရွက်နေစဉ် ဇွန်လ ၂၈ ရက်ည ၈နာရီ မိနစ် ၅၀အချိန် ခန့် က ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ယနေ့(ဇွန်လ ၂၉ရက်) ညပိုင်းအထိ ရှာမတွေ့သေးကြောင်း သိရသည်။

“ ဒလဘက်ကမ်းက ဘိုးပိုင် နံပါတ် ၁၉ နေရာမှာ ဘိုးပိုင်တူးဖို့အတွက် working platform ကို အပေါက်ဖောက်ထားတယ်။ အပေါက်ဖောက်ထားတာကို အဲအပေါ်မှာ သံခြင်းချထားတယ်။သူက သံခြင်း မတဲ့ ကြိုးကို တက်စစ်ရင်း
ဘိုးပိုင် တူးတဲ့ အပေါက်ထဲကနေ ခြေချော်ကျသွားတာပေါ့။ သူက Safety Beltတွေတော့ ပတ်ထားတယ်။ ဒါပေမယ့် တက်ကြည့်ပြီး စစ်တဲ့အချိန်မှာ သံပြားနဲ့ ငြိပြီးတော့ သူ့ရဲ့ Safety Belt ကလည်း ပြတ်ထွက်ပုံရပါတယ်။ အတိ အကျတော့ ဘယ်သူမှ မမြင်ကြဘူး။ Safety Belt ပတ်ထားရက်နဲ့ ပြုတ်ကျသွားတယ်ဆိုတာ သူ့ရဲ့ ကိုယ်ခန္ဓာအလေး ချိန်လည်း ပါမှာပေါ့။ အဲတော့ ပြုတ်ထွက်ပြီး ဘိုးပိုင်ကျင်းတည့်တည့်ကို ကျသွားတယ်။ဘိုးပိုင်ကျင်းတည့်တည့်ကို ကျသွားတာပေါ့။ ကျွန်တော်တို့က တော့ Safely အကာ အရံတွေ ကားထားတယ်။ ဒါပေမယ့် သူက သံခြင်းပေါ်ကနေ အပေါက်တည့်တည့် ပြုတ်ကျ သွားတာပေါ့” ဟု
တံတား ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောသည်။

ယင်းအမျိုးသား ခြေချော်ပြုတ်ကျသည်ကို မလှမ်းမကမ်းရှိ အလုပ်သမားတဦးမှ မြင်တွေ့ခဲ့ရကြောင်း သိရသည်။

“ မြင်လိုက်တဲ့ အဲဒီအလုပ်သမားက လိုက်ကြည့်တယ်။ ဆင်းကြည့်တယ်။အဲအချိန်မှာက ရန်ကုန်မြစ်က ရေအ တက်ဆုံးအချိန်ဖြစ်နေတယ်။ ရေစီးအား တအားသန် နေတဲ့အချိန်ဖြစ်နေတော့ သူ့ကို အဲဒီကတည်းကမတွေ့ရ တော့ဘူး။ဘယ်လိုမှ ရှာလို့မရဘူး။ဒါနဲ့ သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေးမှုးတို့၊ ရဲ တပ် ဖွဲ့တို့ကို သတင်းပို့တော့ သူတို့လည်း ချက်ချင်းရောက်လာတယ်။ ရေကြောင်းရဲ တပ်ဖွဲ့ရယ်၊ ကျွန်တော်တို့ဆီက စီမံကိန်းပိုင် speed boat ၂ စီးရယ်၊ မီး သတ်တပ်ဖွဲ့က speed boat ၁ စီးရယ်၊ ဒလဘက်ကမ်းက သဗ္မာန်အသင်းက ၇ စီး၊ အားလုံးပေါင်း ၁၀ စီးလောက်နဲ့ ညက တည်းက working platform အောက်တွေ အနီးအနားတဝိုက်တွေ အကုန်လုံးလိုက်ရှာခဲ့တာ ၊ရေကလည်း တအားတက်ပြီး ရေစီးတဲ့အခါကျတော့ မတွေ့ဘူး။ဒီနေ့မနက်လည်း ရေငုပ်အဖွဲ့တွေနဲ့ပါ လိုက်ရှာခဲ့တယ်။ ဒါပေမယ့်အခုထက်ထိတော့ မတွေ့သေးဘူး” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ဗိုလ်တထောင်မြို့နယ် ရဲစခန်းတွင် တိုင်ကြားထားကြောင်း တံတားဦးစီးဌာနမှ သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် ……..News Watch

Add a Comment

Your email address will not be published. Required fields are marked *