နှစ်နိုင်ငံ ဆက်သွယ်မူ ဖြတ်တောက်ပြီးနောက် သွေးဆာနေတဲ့ မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံနဲ့ နိုင်ငံကြားနယ်စပ်မြို့ရှိဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဗုံးဖောက်ခွဲ

နှစ်နိုင်ငံ ဆက်သွယ်မူ ဖြတ်တောက်ပြီးနောက် သွေးဆာနေတဲ့ မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံနဲ့ နိုင်ငံကြားနယ်စပ်မြို့ရှိဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဗုံးဖောက်ခွဲ

တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံကြားနယ်စပ်မြို့ဖြစ်တဲ့ ကေဆောင်မှာရှိတဲ့ နှစ်နိုင်ငံဆက်ဆံရေး ရုံးကို မြောက်ကိုရီးယားက ဇွန်လ ၁၆ရက်မှာ ဗုံးဖောက်ခွဲလိုက်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကိုရီးယားနယ်စပ်မှာ စစ်ရေးအရတုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်တာတွေရှိလာခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဖောက်ခွဲမှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မြောက်ကိုရီးယားအပိုင်ထဲမှာရှိတဲ့ ဒီရုံးကို ကိုရီးယားနှစ်နိုင်ငံကြားဆက်ဆံရေးစီမံဆောင်ရွက်မှုတွေမှာ အကူ အညီဖြစ်စေဖို့ ၂၀၁၈ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Covid-19 ကန့်သတ်ချက်တွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဆက်ဆံရေးရုံးမှာ လူရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာခိုလှုံနေတဲ့ပြည်ပြေးအုပ်စုတွေက နယ်စပ်ကနေ မြောက်ကိုရီးယားဘက်ဆီ ပြုံယမ်းအစိုး ရဆန့်ကျင်ရေးဝါဒဖြန့်မှုတွေကိုပို့ပေးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က မကျေနပ်တာကြောင့် တင်းမာမှုတွေအရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားအကြီးအကဲကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက နှစ်နိုင်ငံဆက်ဆံရေးရုံး ကို ဖျက်ဆီးဖြိုဖျက်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားခဲ့တာဖြစ်ပါတယ်။

ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၄၉မိနစ်အချိန်က ဆက်ဆံရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ တောင်ကိုရီး ယားရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အတည်ပြုထားခဲ့ပါတယ်။
ပြုံယမ်းအစိုးရအနေနဲ့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့ အမေရိကန်နဲ့နျူကလီးယားအရေး ဆွေးနွေး ညှိနှိုင်းမှုကို တွန်းအားပေးလိုတဲ့အတွက် အခုလိုပြဿနာအစဖော်နေတာဖြစ်နိုင်တယ်လို့လည်း မြောက်ကိုရီး ယားအရေးအကဲဖြတ်သူတွေက သုံးသပ်ထားကြပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်……………Pyi Myanmar

Add a Comment

Your email address will not be published. Required fields are marked *