ပါကျဲဒိုကားနှင့် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် အသက် ၇၀ ရှိဆိုင်ကယ်မောင်းနှင့် ၁၁ နှစ်သမီးတို့ ပွဲချင်းပြီးသေဆုံး

နှစ်နိုင်ငံ သံရုံးဝန်ထမ်းများကို သူလျှိုစွတ်စွဲချက်ဖြင့် အပြန်အလှန် မောင်းထုတ်နေကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်

ပါကျဲဒိုကားနှင့် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် အသက် ၇၀ ရှိဆိုင်ကယ်မောင်းနှင့် ၁၁ နှစ်သမီးတို့ ပွဲချင်းပြီးသေဆုံး

မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်း အဖိုးနှင့် ၁၁ နှစ်သမီးတို့နေရာတွင် ပွဲချင်းပြီးသေဆုံးမှုဖြစ်စဉ်တစ်ခု ကျောက်ကြီးမြို့နယ်၌ ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဒုံးတိုကျေးရွာအနီး၊ ကျောက်ကြီးမြို့နှင့် မုန်းမြို့သွားကားလမ်းမိုင်တိုင်အမှတ်(၂/၂) အနီး၌ ဇွန် ၂၄ ရက်၊ နံနက် ၁၀ နာရီတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ကျောက်ကြီးမြို့ဘက်မှ မုန်းမြို့ဘက်သို့မောင်းနှင်လာသော အဖြူရောင်ပါကျဲဒိုးအမျိုးအစားယာဉ်နှင့် မုန်းမြို့ဘက်မှ ကျောက်ကြီးမြို့ဘက်သို့ အသက် (၇၀)နှစ်အရွယ် ဦးစောလှမိုးမောင်းနှင်ပြီး (၁၁)နှစ်အရွယ်နော်ကလီဆိုပက်ထရာ လိုက်ပါလာသည့် Kenbo – 125 ဆိုင်ကယ်တို့ အခင်းဖြစ်နေရာ၌ မျက်နှာချင်းဆိုင်တိုက်မိသွားခဲ့ကြခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဆိုင်ကယ်မောင်းဦးစောလှမိုး(၇၀)နှစ်နှင့် နောက်ကထိုင်စီးလိုက်လာသူ မနော်ကလီဆိုပက်ထရာ(၁၁)နှစ်တို့နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ပါကျဲဒိုးကားမှာလည်း ဘေးမြောင်းထဲထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် တာဝန်ရှိသူများရောက်ရှိချိန်တွင် ပါကျဲဒိုယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် သေဆုံးသူနှစ်ဦးကို ရဲဆေးစာဖြင့် ရင်ခွဲရုံပို့ဆောင်ကာ လွတ်မြောက်နေသည့် ပါကျဲဒိုးယာဉ်မောင်းကို ဖမ်းဆီးရမိရေးဆောင်ရွက်ပြီး ယာဉ်(ပ) ၆/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) /၂၀၂ ဖြင့် အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရသည်။

ကိုထွေး(ညောင်လေးပင်)

Add a Comment

Your email address will not be published. Required fields are marked *