ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ကြံ့ခိုင်ရေးပါတီနှင့်စစ်အသိုင်းအဝိုင်း၏ ယတြာ ရုပ်ပွားတော် ၇၇ ဆူ ဖယ်ရှား၊ စီးပွားဥစ္စာအာဏာ ရစေရန် အစီအမံဖြင့် ရုပ်ပွားတော် ပြုလုပ်ပေးသည့် ရဟန်းကို ဝန်ခံလက်မှတ်ထိုးခိုင်း

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ကြံ့ခိုင်ရေးပါတီနှင့်စစ်အသိုင်းအဝိုင်း၏ ယတြာ ရုပ်ပွားတော် ၇၇ ဆူ ဖယ်ရှား၊ စီးပွားဥစ္စာအာဏာ ရစေရန် အစီအမံဖြင့် ရုပ်ပွားတော် ပြုလုပ်ပေးသည့် ရဟန်းကို ဝန်ခံလက်မှတ်ထိုးခိုင်း

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပန်းခင်း ၃ နယ်မြေ၊ စိန္တာမုနိကျောင်း၊ စိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းရှိ ကြည်ညိုဖွယ်မဆောင်သည့် ရုပ်ပွားဆင်းတုတော် ၇၇ ဆူကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါရုပ်ပွားတော်များသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုအပါအဝင်၊ ကြံ့ခိုင်ရေးပါတီနှင့်စစ်တပ်အသိုင်းအ၀ိုင်းများ လှူဒါန်းထားသည့် ရုပ်ပွားတော်နှင့်စေတီပုံစံတူများဖြစ်သည်။

ယင်းစိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းရှိ ရုပ်ပွားတော် ၇၇ ဆူသည် ထေရဝါဒဗုဒ္ဓဘာသာနှင့်ကိုက်ညီမှုမရှိခြင်း၊ လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထားခြင်း၊ အခြားဘာသာ အယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည်ညိုဖွယ်ဆောင်ခြင်း၊ မြင်ရသူတို့၏ ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာဘုရားရှင် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးတိုက်ကျွေးတော်မူခဲ့သော အေးချမ်းသည့် ပုံရိပ်တို့နှင့်ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။

စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရ သက်တော် ၈၁ နှစ် ၊ ဝါတော် ၃၃ ဝါသည် တောထွက် ရဟန်းတစ်ပါးဖြစ်ပြီး ပိဏ္ဍကတ်စာပေတတ်ကျွမ်းမှုမရှိခြင်း၊ အလှူရှင်များ၏ ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာ အာဏာများ ရရှိစေရန် လောကီ အစီအမံများပေါင်းစပ်၍ ရုပ်ပွား တော်များ ပြုလုပ်စေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နေပြည်တော်သံဃာမဟာနာယကအဖွဲ့က ဆရာတော်ကို သတိပေးပြီး ရုပ်ပွားတော်များကို ဇူလိုင်လ ၆ ရက်နေ့ ညနေ ၄ နာရီ အချိန် နောက်ဆုံးထား ဖယ်ရှားလင်းရန် ဩဝါဒပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေးစားစွာဖြင့် ခရစ်ဒက် – Khit Thit Media

Add a Comment

Your email address will not be published. Required fields are marked *