လူအခွင့်အရေးဟု အကြီးအကျယ်အော်ခဲသော ဗြိတိန်နိုင်ငံတွင် လက်ယာယိမ်းဝါဒီများနှင့် ဂျော့ခ်ျဖလွိုက် လူမျိုးကြီးဝါဒဆန့်ကျင်သူများ လန်ဒန်မြို့လယ်တွင် လုံးထွေးသတ်ပုတ်

လက်ယာယိမ်းဝါဒီများနှင့် ဂျော့ခ်ျဖလွိုက် လူမျိုးကြီးဝါဒဆန့်ကျင်သူများ လန်ဒန်မြို့လယ်တွင် လုံးထွေးသတ်ပုတ်

လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဆန္ဒပြသူများ၏ သမိုင်းဝင်အထိမ်းအမှတ်များကို ဖျက်ဆီးနေခြင်းမှ ကာကွယ်ရန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်လမ်းများပေါ်သို့ လက်ယာယိမ်းဝါဒီများ စုရုံးရောက်ရှိလာသည်ကို တွေ့မြင် နေကြရသည်။ ပြိုင်ဘက်ဆန္ဒပြသူများအကြား အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ထိပ်တိုက်တွေ့လျှက်ရှိကြောင်း Russia Today က ရေးသားသည်။

လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် ကန့်ကွက်ဆန္ဒပြမှုများကြောင့် မငြိမ်မသက်ဖြစ်ပွားသည့် ရက်အနည်းငယ်အကြာတွင် Black Lives Matter ဆန္ဒပြသူများအား တန်ပြန်ဆန္ဒပြသည့် လက်ယာဝါဒီတို့၏ စုရုံးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

မကြာသေးမီရက်များအတွင်း လန်ဒန်နှင့်အခြားနေရာများတွင် ဗြိတိန်နိုင်ငံ၏ အတိတ်ကာလ ကိုလိုနီခေတ်နှင့် ဆက်နွယ်သည့် အချို့သောအထိမ်းအမှတ် များစွာတို့မှာ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ၄င်းတို့တွင် ပါလီမန်ပြင်ပရှိ ဒုတိယကမ္ဘာစစ် ၀န်းကျင်ကာလ ဗြိတိသျှကိုလိုနီအင်ပါယာအား ခုခံကာကွယ်ခဲ့သူ ၀င်စတန်ချာချီ၏ ရုပ်တုမှာလည်း တစ်ခုအပါအ၀င်ဖြစ်ရာ အာဏာပိုင်များက ရုပ်တုပတ်လည်၌ သံမဏိပြားများ အလုံပိတ်၍ ကာကွယ်ပေးထားရသည်။
လူအများအပြားစုရုံးလျှက်ရှိသည့် လန်ဒန်မြို့လယ်ဆန္ဒပြပွဲများသည် တစ်ခဏမျှ တည်ငြိမ်အေးချမ်းသော်လည်း နောက်ပိုင်းတွင် ဆန္ဒပြသူအချို့နှင့် ရဲတပ်ဖွဲ့ဝင်တို့ လုံးထွေးသတ်ပုတ်ကြသည်အထိ ဖြစ်ပေါ်ခဲ့သည်။ လက်ယာယိမ်း ဆန္ဒပြသူ အချို့သည် နာဇီများ နှုတ်ဆက်သည့်သဏ္ဍာန် အမူအရာများ ပြုလုပ်ကြသည်ကို တွေ့မြင်ခဲ့ရသည်။

အချို့သောဆန္ဒပြသူများသည် စာနယ်ဇင်းမျာကိုး ရန်ဘက်သဖွယ် ရှု့မြင်လာပုံရပြီး သတင်းထောက်များ ကိုလည်း တိုက်ခိုက်ခဲ့ကြရာ နှာခေါင်းမှ သွေးများယိုစီးကျလျှက်ရှိသည့် သတင်းထောက်တစ်ဦးအား ၀ိုင်းဝန်းထိုး ကြိတ်လျှက်ရှိသည့် ဆန္ဒပြသူများအလည်မှ ရဲများက ကယ်ထုတ်ခဲ့ရသည်ဟုဆိုသည်။
လက်ယာယိမ်းဆန္ဒပြသူများသည် ထရာဖော်လ်ဂါရင်ပြင်ရှိ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြသူများထံသို့ ဒေါသတကြီး ပြေးဝင်သွားကြသည်။ ဆန့်ကျင်ဘက် အုပ်စုများတို့အကြား မီးရှူးမီးပန်းများအပါအ၀င် ရရာပစ္စည်း များဖြင့် အပြန်အလှန် ပစ်ပေါက်လျှက်ရှိသဖြင့် ရဲများက ကြားဝင်လူစုခွဲစဉ် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။

ဆန့်ကျင်ဘက် လူစုလူဝေးများသည် ၀ါတာလူးဘူတာရုံအပြင်ဖက်နှင့် အချို့သောအဆောက်အဦများ အတွင်းဖက်တွင်လည်း နှစ်ဖက်ထိပ်တိုက်တွေ့ကြကြောင်း သတင်းရုပ်သံမှတ်တမ်းများအရ သိရှိရသည်။

လေးစားစွာဖြင့် ခရစ်ဒက်…………AKonThi

Add a Comment

Your email address will not be published. Required fields are marked *