” သမ္မတ တစ်ယောက်ရဲ့ အာဏာ နှင့် ပါဝါ ” အကြောင်း အသေးစိတ်ရှင်းလင်းမူ

” သမ္မတ တစ်ယောက်ရဲ့ အာဏာ နှင့် ပါဝါ ” အကြောင်း အသေးစိတ်ရှင်းလင်းမူ

ဒီရက်အတွင်း ကမ္ဘာ့စာမျက်နှာပေါ်မှာလူအများစု စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ဖြစ်ရပ်ကတော့ အမေရိကန်နိုင်ငံအတွင်း ဆန္ဒပြမှု့တွေဖြစ်ပါတယ် ။ ရဲ ဝန်ထမ်းတစ်ဦးရဲ့ပြုမူမှု့ကြောင့် လူမည်းတစ်ယောက် သေဆုံးသွားတာကနေစတင်ပြီး ပေါ်ပေါက်လာရတဲ့ ဆန္ဒပြပွဲတွေနှင့်အတူ လုယက်မှု့များ ၊ မီးရှို့ဖျက်စီးမှု့ များပါဖြစ်ပေါ်စေခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ပြည်သူကိုပြောကြား လိုက်တဲ့မိန့်ခွန်းမှာ ဆန္ဒပြဆူပူဖျက်စီးမှု့တွေအတွက် စစ်တပ်ကိုအသုံးပြုဖို့ ပြောကြားအပြီး ပင်တဂွန်စစ် ဌာနချုပ်ရဲ့ဗိုလ်ချုပ်ကြီးတွေအကြား စိုးရိမ်မှု့တွေ မြင့်တက်လာစေခဲ့ရတယ်လို့ နိုင်ငံခြားသတင်းဌာန တွေရဲ့ ရေးသားဖော်ပြထားတာတွေကို ဖတ်လိုက်ရ ပါတယ် ။ လက်ရှိအနေအထားအရ အမေရိကန် စစ်တပ်ဟာ ဆူပူဖျက်စီးဆန္ဒပြမှု့တွေအပေါ် ဝင်ရောက်ပါဝင်လိုစိတ် ရှိဟန်မပေါ်ပါဘူး ။

ပြည်တွင်းရန် ၊ ပြည်ပရန်ကာကွယ်ဖို့ဖွဲ့စည်းထားတဲ့ US တပ်မတော်ဟာ ပြည်သူကိုနှိမ်နင်းဖို့လက်တွန့် နေတဲ့ အနေအထားမှာရှိနေပါတယ် ။ ဒါပေမဲ့ အမေ ရိကန်နိုင်ငံရဲ့ ခြေဥအရ သမ္မတကအမိန့်ပေးလာရင် တော့ ဒီတာဝန်ကို စစ်တပ်ကဆောင်ရွက်ရပါမယ် ။ အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဖြစ်သူဟာလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ကာကွယ် ရေးဦးစီးချုပ်ဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း သမ္မတ ရဲ့အမိန့်ကို ဘယ်ဗိုလ်ချုပ်ကြီးကမှ လွန်ဆန်ပိုင်ခွင့် မရှိသလို ၊ လွန်ဆန်တဲ့ဗိုလ်ချုပ်ကြီးတွေကိုလည်း ဖြုတ်နိုင်တဲ့ပါဝါအပြည့်ကို သမ္မတကရရှိထားပါတယ် ။ အမေရိကန်နိုင်ငံမျိုးမှာ သမ္မတတစ်ယောက်ဖြစ်ဖို့ ဆိုတာလွန်စွာပင်ခက်ခဲလှပါတယ် ။

သမ္မတတစ် ယောက်ဖြစ်စေဖို့ တင်းကျပ်တဲ့စည်းကမ်းတွေ ၊ အရည်အချင်းတွေပြည့်စုံမှသာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိပါတယ် ။ ဒေါ်နယ်ထရမ့် ဟာ ၂၀၁၆ ခုနှစ်က ပြိုင်ဘက်ဖြစ်သူဟီလာရီကလင်တန်ကို အနိုင်ယူပြီး ပြည်သူတွေအားပေးထောက်ခံမဲတွေနဲ့ တက်လာခဲ့တဲ့ သမ္မတ တစ်ယောက်ဖြစ်ပါတယ် ။ ဘယ်အချိန်မှာ ဘယ်သူတွေက ဘယ်လိုထည့်လိုက်မှန်း မသိတဲ့ မဲတွေကို ညသန်းခေါင်ကျော်အချိန်ရောက်မှ လာရောက်ပို့ဆောင်ပြီး ကြိုတင်မဲ လို့အမည်တပ်ကာ သမ်မတရာထူးကိုရယူထားသူမဟုတျပါဘူး လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး မငြိမ်မသက်မှု့အပေါ်အခွင့်ကောင်းယူပြီး ဒေါ်နယ်ထရမ့်ရဲ့ အဓိကပြိုင်ဘက်ပါတီကြီး နဲ့ အခြားပါတီငယ်တွေကလည်း ကာလုံခေါ်ပေးဖို့ လက်မှတ်‌ရေးထိုးတောင်းဆိုခြင်းမရှိသလို ၊ မည်သူ တစ်ဦးတစ်ယောက် နှင့် မည်သည့်ပါတီကမှ တိုင်းပြည် ချောက်ထဲကျဖို့ လက်တစ်လုံးအလိုရောက်နေပါပြီ ဆိုပြီး စစ်တပ်ကိုအာဏာသိမ်းခိုင်းခြင်းလည်းမရှိပါဘူး ။

ဒီလိုမျိုး အပိုအလုပ်တွေ လုပ်လို့မရအောင်လည်း သူတို့ နိုင်ငံရဲ့ခြေဥထဲမှာ သေချာကျနစွာ ရေးဆွဲခဲ့ပါတယ် ။ အမေရိကန်နိုင်ငံရဲ့သမိုင်းကြောင်းကို ကြည့်ရရင်လည်း ၁၈၈၇ ခုနှစ်မှာလွတ်လတ်ရေးရရှိပြီး ခြေဥကိုရေးဆွဲကာ နယ်ချဲ့ကိုဦးဆောင်တော်လှန်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်ဟာ ပထမဦးဆုံးအမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ်လာခဲ့ရတယ် ။ စစ်ဗိုလ်ချုပ်ကြီးဖြစ်ပေမဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်အကျိုးပြုတဲ့သူဖြစ်တာကြောင့် သမ္မတရာထူးကို ဒုတိယအကြိမ် ပြည်သူကထပ်ပြီး ရွေးချယ်တယ် ။

ပြည်သူချစ်တဲ့ဗိုလ်ချုပ်ကြီးဖြစ်တာ ကြောင့် တတိယအကြိမ် ပြည်သူကထပ်မံရွေးချယ်ခဲ့ ပေမဲ့ ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန် က … အာဏာကို လူတစ်ယောက်ရဲ့လက်ထဲမှာ အကြာကြီးထားရင် အာဏာအပေါ်မှာယစ်မူးပြီး အမှားတွေလုပ်ကုန်ကြမယ် ။ ဒါ့ကြောင့် အမေရိကန်သမ္မတတစ်ယောက်ဟာ သက်တမ်း ၂ ခုထက်ပိုပြီးတာဝန်မထမ်းဆောင်ရ ဆိုပြီးခြေဥမှာထည့်သွင်းရေးသားကာ တာဝန်မှ အနားယူခဲ့ပါတယ် ။ တိုင်းပြည်မငြိမ်းချမ်းသေးသမျှ စစ်တပ်ဟာ နိုင်ငံရေးမှမထွက်ခွာဘူး ဆိုပြီး ဂျော့ဝါ ရှင်တန်တစ်ယောက် ဖင်ပြော ခေါင်းပြော ၊ ဂျိုးပြော မိုးပြော ပြောခဲ့ပါတယ်လို့ ဘယ်စာအုပ်တွေထဲမှာမှ မဖတ်ခဲ့ ရပါဘူး ။

ဒီလိုအရည်အချင်းတွေကြောင့်လည်း ဂျော့ဝါရှင်တန်တစ်ယောက် လူသာသေသွာခဲ့ပေမဲ့ သမိုင်းစာမျက်နှာတွေပေါ်မှာ နာမည်ကောင်းနဲ့ကျန်ခဲ့ ရခြင်းဖြစ်ပါတယ် ။ နိဂုံးချုပ်အားဖြင့် ယခု ၂၀၂၀ နှစ်နှောင်းပိုင်းမှာ အမေ ရိကန်နိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲကိုကျင်းပပါတော့ မယ် ။ ထို့အပြင် ယခု ဇွန်လ ၁၄ ရက်နေ့ဟာလည်း သမ္မတဒေါ်နယ်ထရမ့်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ် ။ COVID – 19 ရောဂါတွေကြောင့် သောကများနေချိန်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆူပူဆန္ဒ ပြမှု့တွေအပေါ် ဒေါ်နယ်ထရမ့်တစ်ယောက် … ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ? သူ့ရဲ့ ၇၄ နှစ်မြောက်မွေးနေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါ့မလား ? လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒုတိယအကြိမ်မြောက် သမ္မတအဖြစ်ထပ်မံအရွေးခံရပါဦးမှာလား ? အစရှိတဲ့အခြေအနေတွေကို ကမ္ဘာကြီးက စောင့်ကြည့်နေပါတော့တယ် ။ ။

လေးစားစွာဖြင့် ခရစ်ဒက်……….. Ko Nay Win .

Add a Comment

Your email address will not be published. Required fields are marked *