အိန္ဒိယနိုင်ငံရဲ့ မီဒီယာလောက ကို ONE CHINA ပေါ်လစီ နဲ့ပတ်သက်ပြီး ရာဇသံ တွေ ပေးနေတဲ့ တရုတ် ( အိန္ဒိယမှာလည်း တရုတ်မုန်းတီးရေးတွေ များလာပြီး ထိုင်ဝမ် အမျိုးသားနေ့ကိုဂုဏ်ပြုမှာ တရုတ်တို့ ကြောက်နေပုံပဲ ….)





CRD_ pi lon

unicode

တရုပ်ဟာ အိန္ဒိယရဲ့ မီဒီယာလောကကို ဆင်ဆာလုပ်ဖို့ ကြံစည်နေတယ် လို့တိုင်ဝမ်ကပြောလိုက်ပါတယ်နယူးဒေလီမှာရှိတဲ့တရုပ်PRCသံရုံးဟာ စာတစ်စောင်ထုတ်ပြန်ပါတယ် ” ကျွန်ုပ်တို့ရဲ့ မီဒီယာမိတ်ဆွေများအနေနဲ့ ကမ္ဘာပေါ်မှာ တရုပ်နိုင်ငံဆိုတာ တစ်နိုင်ငံပဲရှိတယ်ဆိုတာ သိထားကြဖို့သတိပေးလိုက်ရပါတယ်” လို့ ရေးသားထားပါတယ်တရုပ်သံရုံးဟာ တိုင်ဝမ်အပေါ်မှာ အိန္ဒိယအစိုးရရဲ့ ရပ်တည်မှုရယ် သူတို့ရဲ့ OneChina မူဝါဒရယ်ကို ဖော်ပြပြီး အိန္ဒိယမီဒီယာတွေအနေနဲ့ ဒီမူဝါဒတွေကိုမဆန့်ကျင်ကြဖို့ သတိပေးတဲ့ စာပဲဖြစ်ပါတယ်ဒီလိုစာမျိုးထုတ်တာနဲ့ ပတ်သက်ပြီး တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က ဗုဒ္ဓဟူးနေ့မှာ တွစ်တာကနေ ပြန်တုန့်ပြန်ခဲ့ပါတယ်

“အိန္ဒိယဟာ ကမ္ဘာမြေပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ် လွတ်လပ်တက်ကြွတဲ့သတင်းစာဆရာတွေ လွတ်လပ်မှုကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေနေတဲ့တိုင်းပြည်ဖြစ်တယ်ဒါပေမယ့် ကွန်မြူနစ်တရုပ်ပြည်ဟာ အိန္ဒိယတိုက်ကို ဆင်ဆာလက်နက်ကို တင်သွင်းလာဖို့လုပ်ရင်ရမယ်လို့မျှော်လင့်နေတယ် တိုင်ဝမ်ရဲ့ မိတ်ဆွေ အိန္ဒိယတွေ ကပြန်ပြောလိုက်လိမ့်မယ် ” မင်းအခုထွက်သွားစမ်းကွာ” ဆိုပြီးရေးသားလိုက်ပါတယ်အိန္ဒိယကမီဒီယာတွေကို တရုပ်သံရုံးကသူ့စာထဲမှာ ထပ်သတိပေးထားတာကတော့ ” မကြာခင် (၁၀/၁၀/၂၀၂၀)မှာရောက်လာမယ့် ပြောနေကြတဲ့ တိုင်ဝမ်အမျိုးသားနေ့ဆိုတာကို ဖော်ပြပြီးတော့ မီဒီယာတွေကို တရုပ်တစ်နိုင်ငံထဲပဲရှိတယ်နော် သတိထားပါတရုပ်ကွန်မြူနစ်ပါတီအစိုးရသာလျှင် PRC ရဲ့အစိုးရသာလျှင် တရုပ်ပြည်ရဲ့လုံးဝတရားဝင်အစိုးရဖြစ်တယ် ” လို့ ဖော်ပြထားပါတယ်

” တိုင်ဝမ်သည် တပြည်တခြားမဟုတ်ပါ တရုပ်ပြည်မကြီးရဲ့နယ်မြေဖြစ်တယ် ဒီအချက်ကို ကုလသမဂ္ဂက အသိအမှတ်ပြုထားတယ်နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အများသဘောတူလက်ခံထားကြတယ် တရုပ်ပြည်PRC နဲ့သံတမန်ဆက်သွယ်သူအားလုံး ဟာ One China ပေါ်လစီကို အလေးအနက်အသိအမှတ်ပြုကြရမယ်ဒီအချက်ဟာ အိန္ဒိယအစိုးရကလည်း ကာလရှည်ကြာစွာ ရပ်တည်နေခဲ့တဲ့ ရပ်တည်ချက်ဖြစ်တယ်” လို့ပါဝင်ဖော်ပြပါတယ်အိန္ဒိယနိုင်ငံမှာ တရုပ်ဆန့်ကျင်လိုစိတ်တွေများပြားနေကြပြီး လတ်တလောနယ်စပ်ကိစ္စအပေါ်မှာလည်း မကျေနပ်မှုတွေ တိုးပွားနေပါတယ်အိန္ဒိယ မီဒီယာတွေဟာ တရုပ်ကိုဆန့်ကျင် ရေးသားရင်းကနေ ကျရောက်လာတော့မယ့် တိုင်ဝမ်အမျိုးသားနေ့ ကိုဂုဏ်ပြုကြ ချီးမြှောက်ကြလုပ်လာရင် မှတ်တမ်းဖြစ်သွားမှာကို တရုပ်ပြည်မကြီးဟာ စိုးရိမ်ပုံရပါတယ်

တရုပ်ဟာ လိုရင်တမျိုး မလိုရင်တမျိုးလုပ်တတ်တာကိုမြင်ရပါမယ် ကုလသမဂ္ဂကို တိုင်တည်လိုက်ပါတယ် လိုအပ်လို့ပါတောင်တရုပ်ပင်လယ်မှာ ကျွန်းတွေအတုလုပ်တိုးချဲ့တာတွေ သူများနိုင်ငံကပိုင်နက်မှာဝင်ရောက်ဗိုလ်ကျတာတွေမှာ ကုလသမဂ္ဂကို ဂရုတောင်မစိုက်ပါဘူးအခုလည်းအိန္ဒိယမီဒီယာတွေကို သွားစပြန်တယ် ဟိုက အခုမှသတိရပြီးပိုရေးဖြစ်တော့မယ်ထင်ပါတယ်

CRD_ pi lon

Add a Comment

Your email address will not be published. Required fields are marked *