အိန္ဒိယဘက်က တရုတ် Software တွေ Ban လိုက်တဲ့အပေါ်မှာ တရုတ်နိုင်ငံဘက်ကဝေဖန်

အိန္ဒိယဘက်က တရုတ် Software တွေ Ban လိုက်တဲ့အပေါ်မှာ တရုတ်နိုင်ငံဘက်ကဝေဖန်

အိန္ဒိယဘက်နေပြီး တရုတ် Software အတော်များများကို Ban လိုက်တဲ့ကိစ္စအပေါ် တရုတ်အစိုးရအနေနဲ့ စိုးရိမ်ပူပန်လျှက်ရှိတယ်လို့သိရပါတယ်။ အန္ဒိယအစိုးရဟာ တရုတ် Software တွေဖြစ်ကြတဲ့ TikTok နဲ့ WeChat တို့အား နိုင်ငံအတွင်းမှာ အသုံးပြုခွင့်ကို မနေ့ကပိတ်ပင်လိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ Zhao Lijian ကတော့ အိန္ဒိယအနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းစုတွေရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင်သင့်ကြောင်းပြောသွားပါတယ်။ ဆက်လက်ပြီး အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းစုတွေအပေါ် အခုလိုဆက်ဆံပုံဟာ မနှစ်မြို့စရာဖြစ်တယ်လို့လဲပြောသွားပါသေးတယ်။

အိန္ဒိယနိုင်ငံဟာ မနေ့တုံးက Software ပေါင်း 59 ခုကိုနိုင်ငံအတွင်းမှာ အသုံးပြုခွင့်ပိတ်ပင်လိုက်ပြီး အဲ့ဒီထဲကအများစုကတော့ တရုတ် Softwar တွေပဲဖြစ်ပါတယ်။ ဒီလအစပိုင်းတုံးက နှစ်နိုင်ငံတပ်တွေ နယ်စပ်မှာပြဿနာတက်ပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံဟာ တရုတ်ပိုင်စီးပွားရေးအတော်များများကို ပစ်မှတ်ထား အရေးယူလာတာကိုတွေ့ရပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်…………A9 Business

Add a Comment

Your email address will not be published. Required fields are marked *