အီရန်ကို လွှတ်တော် အတည်ပြုမှ စစ်ရေး အရေးယူနိုင်ခွင့် အာဏာကန့်သတ်ချက်ကို ထရမ့် ဗီတိုသုံး ပယ်ချ

အီရန်ကို လွှတ်တော် အတည်ပြုမှ စစ်ရေး အရေးယူနိုင်ခွင့် အာဏာကန့်သတ်ချက်ကို ထရမ့် ဗီတိုသုံး ပယ်ချ
အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာကို လွှတ်တော် အတည်ပြုချက် ရှိမှ သုံးစွဲနိုင်တဲ့ ဒီမိုကရက်ပါတီနဲ့ ရီပတ်ဘရီကန် ပါတီဝင်အချို့ ထောက်ခံမှုနဲ့ အတည်ပြုတဲ့ ဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
အီရတ်နိုငငံမှာ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီကို ထရမ့်အမိန့်နဲ့ သတ်ဖြတ်သုတ်သင်ခဲ့တာနဲ့ ပတ်သက်ပြီး လွှတ်တော် အတည်ပြုမှ အီရန်ကို စစ်ရေးအရ အရေးယူခွင့် ရှိတဲ့ ဥပဒေတစ်ရပ်ကို အထက်လွှတ်တော်မှာ ဖေဖော်ဝါရီလက အတည်ပြုပြီး အောက်လွှတ်တော်မှာ မတ်လက အတည်ပြုခဲ့တာပါ။

အဲဒီ ဥပဒေပြုချက်ကို ရီပတ်ဘရီကန် အများစုက ကန့်ကွက်ပေမယ့်က အချို့က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှားရှားပါးပါး ပါတီနှစ်ရပ်ရဲ့ ကန့်ကွက်ရှုတ်ချမှုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အခု ဥပဒေပြုချက်ဟာ အတော်လေး စော်ကားရိုင်းပျတာပဲ ဖြစ်တယ်လို့ ထရမ့်က ပြောပြီး နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တွေက နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာလို့ စွပ်စွဲပြောဆိုပါတယ်။

 

“ဒါဟာ တော်တော်လေး ရိုင်းပျစော်ကားတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ ရီပတ်ဘရီကန်ပါတီကို ခွဲပစ်ပြီး နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဒီမိုကရက်တွေရဲ့ မဟာဗျူဟာအစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်တယ်။ ဒီ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ ရီပတ်ဘရီကန် အနည်းငယ်ဟာလည်း ဒီမိုကရက်တွေရဲ့ လက်ထဲမှာ အကစား ခံနေရတာ ဖြစ်တယ်။”လို့ ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

“လွန်ခဲ့တဲ့ လေးလက ကာဆမ်ဆိုလိုင်မာနီကို အီရတ်မှာ သူ ရောက်နေတုန်း ရှင်းလင်းဖယ်ရှားဖို့ ကျွန်တော် တိကျပြတ်သားစွာ လုပ်ဆောင်ခဲ့တယ်။ ဒါဟာ ဥပဒေနဲ့အညီ အပြည့်အဝ လုပ်ပိုင်ခွင့်အရလည်း ဖြစ်တယ်။”လို့ ထရမ့်က ပြောပါတယ်။

“အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ဟာ နေထိုင်နေရတယ်။ ကျွန်တော်တို့ ရန်သူတွေရဲ့ နောက်ထပ် လှုပ်ရှားမှုတွေကို ကြိုတင်တွက်ဆပြီး လက်ဦးယူ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ဖွဲ့စည်းပုံက အသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော် လုပ်ခဲ့တာပဲ။”လို့ ထရမ့်က ပြောပါတယ်။

အီရန် ဗိုလ်ချုပ်ကြီး ဆိုလိုင်မာနီကို သတ်ဖြတ်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် အီရတ်က အမေရိကန်စစ်စခန်းတွေကို အီရန်က လက်တုံ့ပြန် ဒုံးကျည် တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံတကာ ပဋိပက္ခ မီးစပွားခဲ့ပြီး စစ်ပွဲပေါ်ပေါက်ခါနီးအထိ တင်းမာမှုတွေ အရှိန်မြင့်တက်ခဲ့ပါတယ်။
အီရန်ရဲ့ လက်တုံပြန်ချက်မှာ အမေရိကန် စစ်သားတွေ ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိတာကြောင့် ထရမ့်က အောင်ပွဲအဖြစ် ကြေညာပြီး အီရန်ကို လက်တုံ့မပြန်ဘဲ ငြင်းပယ်ခဲ့ပါတယ်။
လေးစားစွာဖြင့် ခရစ်ဒက် – (XYZ News)

Add a Comment

Your email address will not be published. Required fields are marked *