အေမရိကန္သမၼတေလာင္းေတြရဲ႕ ဒုတိယအႀကိမ္ စကားစစ္ထုိးပြဲပ်က္
|အေမရိကန္သမၼတေ႐ြးေကာက္ပြဲအတြက္သမၼတေလာင္းေတြရဲ႕ ဒုတိယအႀကိမ္ေျမာက္ က်င္းပမယ့္ စကားစစ္ထိုးပြဲ ပ်က္သြားၿပီျဖစ္ေၾကာင္း Commission on Presidential Debates သမၼတေလာင္းမ်ား စကားစစ္ထိုးပြဲ က်င္းပေရး ေကာ္မရွင္က ေသာၾကာေန႔ ေႏွာင္းပိုင္းမွာ ေၾကညာလိုက္ပါတယ္။ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳမယ့္ လက္ရွိသမၼတ Donald Trump နဲ႔ ဒီမိုကရက္ပါတီ ကိုယ္စားျပဳတဲ့ Joe Biden တို႔ ၂ ဦး စကားစစ္ထိုးၾကမွာ ျဖစ္ပါတယ္။
သမၼတ Donald Trump မွာ ကိုဗစ္-၁၉ ကူးစက္ေနတဲ့ အတြက္ ဖေလာ္ရီဒါျပည္နယ္၊ Miami ၿမိဳ႕မွာ ေအာက္တိုဘာလ ၁၅ ရက္ေန႔ က်င္းပဖို႔ စီစဥ္ထားတဲ့ ဒုတိယအႀကိမ္ေျမာက္ စကားစစ္ထိုးပြဲကို အြန္လိုင္းကေနဘဲ က်င္းပဖို႔ ေကာ္မရွင္က ၾကာသပေတးေန႔ အေစာပိုင္းမွာ ဆုံးျဖတ္ခဲ့တာပါ။ဒါေပမယ့္ သမၼတ Trump က သူ႔အေနနဲ႔ အြန္လိုင္းကက်င္းပမယ့္ စကားစစ္ထိုးပြဲမွာ မပါႏိုင္ေၾကာင္း ေန႔တြင္းခ်င္း တုံ႔ျပန္ ေျပာဆိုခဲ့ၿပီးတဲ့ေနာက္ ေအာက္တိုဘာလ ၉ ရက္၊ ေသာၾကာေန႔မွာ အစီအစဥ္ ပ်က္သြားေၾကာင္း ေကာ္မရွင္က ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။ဒါေၾကာင့္ ေကာ္မရွင္အေနနဲ႔ တတိယနဲ႔ ေနာက္ဆုံးက်င္းပဖို႔ရွိတဲ့ စကားစစ္ထိုးပြဲကိစၥကိုဘဲ အခုခ်ိန္မွာ အာ႐ုံစိုက္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတ
ယ္။တတိယအႀကိမ္ စကားစစ္ထိုးပြဲကိုေတာ့ Tennessee ျပည္နယ္၊ Nashville ၿမိဳ႕မွာရွိတဲ့ Belmont တကၠသိုလ္မွာ ေအာက္တိုဘာလ ၂၂ ရက္ေန႔ က်င္းပမွာ ျဖစ္ပါတယ္။သမၼတ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ ေ႐ြးေကာက္ပြဲမတိုင္ခင္ စကားစစ္ထိုးပြဲ ၃ ခု က်င္းပဖို႔ ေကာ္မရွင္က ဆုံးျဖတ္ထားတာမွာ စကားစစ္ထိုးပြဲ တခုစီမွာ ၁၅ မိနစ္စီၾကာမယ့္ အေၾကာင္းအရာ (၆) ခုကို ကိုယ္စားလွယ္ေလာင္ေးတြက အျပန္အလွန္ စကားစစ္ထိုးၾကရမွာျဖစ္ၿပီးဘယ္အေၾကာင္းအရာေတြ ပါဝင္မယ္ဆိုတာကေတာ့ စကားစစ္ထိုးပြဲကို တာဝန္ယူေမးျမန္းသူက ေ႐ြးရမွာျဖစ္ေၾကာင္း ေကာ္မရွင္က ဇြန္လ ၂၃ ရက္ေန႔မွာ ႀကိဳတင္ ေၾကညာထားခဲ့ၿပီး ျဖစ္ပါတယ္။သမၼတေလာင္းေတြရဲ႕ စကားစစ္ထိုးပြဲေတြကို အေတြ႕အႀကဳံရင့္က်က္တဲ့ ဝါရင့္သတင္းေထာက္ေတြက တာဝန္ယူေလ့ရွိပါတယ္။
source : VOA
unicode
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်သမ္မတလောင်းတွေရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပမယ့် စကားစစ်ထိုးပွဲ ပျက်သွားပြီဖြစ်ကြောင်း Commission on Presidential Debates သမ္မတလောင်းများ စကားစစ်ထိုးပွဲ ကျင်းပရေး ကော်မရှင်က သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။ရီပတ်ဘလီကန်ပါတီကိုယ်စားပြုမယ့် လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်ပါတီ ကိုယ်စားပြုတဲ့ Joe Biden တို့ ၂ ဦး စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။
သမ္မတ Donald Trump မှာ ကိုဗစ်-၁၉ ကူးစက်နေတဲ့ အတွက် ဖလော်ရီဒါပြည်နယ်၊ Miami မြို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒုတိယအကြိမ်မြောက် စကားစစ်ထိုးပွဲကို အွန်လိုင်းကနေဘဲ ကျင်းပဖို့ ကော်မရှင်က ကြာသပတေးနေ့ အစောပိုင်းမှာ ဆုံးဖြတ်ခဲ့တာပါ။ဒါပေမယ့် သမ္မတ Trump က သူ့အနေနဲ့ အွန်လိုင်းကကျင်းပမယ့် စကားစစ်ထိုးပွဲမှာ မပါနိုင်ကြောင်း နေ့တွင်းချင်း တုံ့ပြန် ပြောဆိုခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၉ ရက်၊ သောကြာနေ့မှာ အစီအစဉ် ပျက်သွားကြောင်း ကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ဒါကြောင့် ကော်မရှင်အနေနဲ့ တတိယနဲ့ နောက်ဆုံးကျင်းပဖို့ရှိတဲ့ စကားစစ်ထိုးပွဲကိစ္စကိုဘဲ အခုချိန်မှာ အာရုံစိုက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတ
ယ်။တတိယအကြိမ် စကားစစ်ထိုးပွဲကိုတော့ Tennessee ပြည်နယ်၊ Nashville မြို့မှာရှိတဲ့ Belmont တက္ကသိုလ်မှာ အောက်တိုဘာလ ၂၂ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။သမ္မတ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် စကားစစ်ထိုးပွဲ ၃ ခု ကျင်းပဖို့ ကော်မရှင်က ဆုံးဖြတ်ထားတာမှာ စကားစစ်ထိုးပွဲ တခုစီမှာ ၁၅ မိနစ်စီကြာမယ့် အကြောင်းအရာ (၆) ခုကို ကိုယ်စားလှယ်လောင်ေးတွက အပြန်အလှန် စကားစစ်ထိုးကြရမှာဖြစ်ပြီးဘယ်အကြောင်းအရာတွေ ပါဝင်မယ်ဆိုတာကတော့ စကားစစ်ထိုးပွဲကို တာဝန်ယူမေးမြန်းသူက ရွေးရမှာဖြစ်ကြောင်း ကော်မရှင်က ဇွန်လ ၂၃ ရက်နေ့မှာ ကြိုတင် ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲတွေကို အတွေ့အကြုံရင့်ကျက်တဲ့ ဝါရင့်သတင်းထောက်တွေက တာဝန်ယူလေ့ရှိပါတယ်။
source : VOA