အေမရိကန္ႏိုင္ငံတြင္ တ႐ုတ္သူလွ်ိဳျဖစ္ေနသည့္ စင္ကာပူႏိုင္ငံသားတစ္ဦးကို ဖမ္းမိ

တ႐ုတ္ေအးဂ်င္အေနျဖင့္ အလုပ္လုပ္ေနသည့္ စင္ကာပူႏိုင္ငံသားတစ္ေယာက္က အျပစ္ရွိေၾကာင္းဝန္ခံခဲ့ၿပီး အေမရိကန္-တ႐ုတ္တင္းမာမႈတြင္ ေနာက္ဆုံးျဖစ္ရပ္ျဖစ္လာသည္။ အေမရိကန္ျပည္ေထာင္စုတြင္ ႏိုင္ငံေရးအတိုင္ပင္ခံအျဖစ္ အလုပ္လုပ္ေနသည္ကိုအသုံးခ်ၿပီး တ႐ုတ္ေထာက္လွမ္းေရးအတြက္ သတင္းအခ်က္အလက္စုေဆာင္းေပးေနသျဖင့္ စင္ကာပူႏိုင္ငံသား တ႐ုတ္သူလွ်ိဳ ဂြၽန္ေဝယိုကို စြဲခ်က္တင္ခဲ့သည္ဟု အေမရိကန္အရာရွိမ်ားကေျပာသည္။

သီးျခားျဖစ္ရပ္အေနျဖင့္ တ႐ုတ္စစ္တပ္ႏွင့္ သူ(မ)ႏွင့္ၾကား ဆက္ႏြယ္မႈကိုဖုံးကြယ္ထားသည့္ တ႐ုတ္သုေတသီတစ္ေယာက္ကိုလည္း ထိန္းသိမ္းခဲ့ေၾကာင္း အေမရိကန္ကေျပာသည္။

 

အေစာပိုင္းတြင္ တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းရွိခ်န္ဒူးၿမိဳ႕မွ အေမရိကန္ေကာင္စစ္ဝန္႐ုံးပိတ္ရန္ တ႐ုတ္ႏိုင္ငံက အမိန္႔ထုတ္ ခဲ့သည္။ ဟူစတန္ၿမိဳ႕မွတ႐ုတ္ေကာင္စစ္ဝန္႐ုံးပိတ္ရန္ အေမရိကန္အမိန္႔ကို တုံ႔ျပန္သည့္အေနျဖင့္ တ႐ုတ္ႏိုင္ငံက အမိန္႔ထုတ္ခဲ့ျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံက ဉာဏပစၥည္းမ်ားခိုးယူေနသျဖင့္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးမိုက္ ပြန္ပီယိုက ေျပာသည္။ တ႐ုတ္ဆန္႔က်င္ေရးအလိမ္အညာေပါင္းစုံကိုအေျခခံၿပီး အေမရိကန္ကဆုံးျဖတ္ခဲ့ျခင္းဟု တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနေျပာခြင့္ရသူ ဝမ္ဝယ္ဘင္းကေျပာသည္။
ႏိုင္ငံႀကီးႏွစ္ခုအၾကား အဓိကက်တဲ့ ကိစၥမ်ားစြာအေပၚမွာ တင္းမာမႈေတြ ျမင့္တက္လာေနပါတယ္။
ကုန္သြယ္ေရးအရ အျငင္းပြားမႈနဲ႔ ကို႐ိုနာကပ္ေဘးကိစၥေတြနဲ႔ ေဟာင္ေကာင္မွာ တ႐ုတ္က အျငင္းပြားဖြယ္ လုံၿခဳံေရးဥပေဒသစ္ျပဌာန္းတဲ့အေရးအပါအ၀င္ အေရးအရာမ်ားစြာမွာ ထရမ့္အစိုးရနဲ႔ တ႐ုတ္အၾကား ပဋိပကၡေတြ ထပ္တလဲလဲျဖစ္ေပၚခဲ့ပါတယ္။

crd

unicode

တရုတ်အေးဂျင်အနေဖြင့် အလုပ်လုပ်နေသည့် စင်ကာပူနိုင်ငံသားတစ်ယောက်က အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး အမေရိကန်-တရုတ်တင်းမာမှုတွင် နောက်ဆုံးဖြစ်ရပ်ဖြစ်လာသည်။ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးအတိုင်ပင်ခံအဖြစ် အလုပ်လုပ်နေသည်ကိုအသုံးချပြီး တရုတ်ထောက်လှမ်းရေးအတွက် သတင်းအချက်အလက်စုဆောင်းပေးနေသဖြင့် စင်ကာပူနိုင်ငံသား တရုတ်သူလျှို ဂျွန်ဝေယိုကို စွဲချက်တင်ခဲ့သည်ဟု အမေရိကန်အရာရှိများကပြောသည်။

သီးခြားဖြစ်ရပ်အနေဖြင့် တရုတ်စစ်တပ်နှင့် သူ(မ)နှင့်ကြား ဆက်နွယ်မှုကိုဖုံးကွယ်ထားသည့် တရုတ်သုတေသီတစ်ယောက်ကိုလည်း ထိန်းသိမ်းခဲ့ကြောင်း အမေရိကန်ကပြောသည်။

အစောပိုင်းတွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိချန်ဒူးမြို့မှ အမေရိကန်ကောင်စစ်ဝန်ရုံးပိတ်ရန် တရုတ်နိုင်ငံက အမိန့်ထုတ် ခဲ့သည်။ ဟူစတန်မြို့မှတရုတ်ကောင်စစ်ဝန်ရုံးပိတ်ရန် အမေရိကန်အမိန့်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ဉာဏပစ္စည်းများခိုးယူနေသဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက် ပွန်ပီယိုက ပြောသည်။ တရုတ်ဆန့်ကျင်ရေးအလိမ်အညာပေါင်းစုံကိုအခြေခံပြီး အမေရိကန်ကဆုံးဖြတ်ခဲ့ခြင်းဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရသူ ဝမ်ဝယ်ဘင်းကပြောသည်။
နိုင်ငံကြီးနှစ်ခုအကြား အဓိကကျတဲ့ ကိစ္စများစွာအပေါ်မှာ တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။
ကုန်သွယ်ရေးအရ အငြင်းပွားမှုနဲ့ ကိုရိုနာကပ်ဘေးကိစ္စတွေနဲ့ ဟောင်ကောင်မှာ တရုတ်က အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်ပြဌာန်းတဲ့အရေးအပါအဝင် အရေးအရာများစွာမှာ ထရမ့်အစိုးရနဲ့ တရုတ်အကြား ပဋိပက္ခတွေ ထပ်တလဲလဲဖြစ်ပေါ်ခဲ့ပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *