တောင်ကိုးရီးယား၏ လူဖြင့်သယ်ဆောင်ပစ်ခတ်သော ပဲ့ထိန်းတင့်ဖျက်ဒုံး AT-1K RAYBOLT အကြောင်း တစေ့တစောင်း




CRD_Koko Lin Oo

unicode

AT-1K Raybolt ကို တောင်ကိုးရီးယား၏ LIG Next 1မှ ထုတ်လုပ်ပေးခြင်း ဖြစ်သည်။ တောင်ကိုးရီးယားစစ်တပ် သာမက ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု စစ်တပ်များတွင် အသုံးပြုလျှက်ရှိသည်။ အိန္ဒိယသို့လည်း တင်ပို့ရောင်းချရန် ကမ်းလှမ်းထားသည်။AT-K Raybolt သည် ခေတ်သစ်ပဲ့ထိန်းတင့်ဖျက်ဒုံးများဖြစ်သော အစ္စရေး၏ Spike MR နှင့် အမေရိကန် FGM-148 Javelin တို့နှင့် နှိုင်းယှဉ်နိုင်သည်ဟု ဆိုသည်။AT-1K Raybolt သည် ပစ်ပြီးမေ့စွမ်းရည်(fire-and-forget)ရှိသည့် ပဲ့ထိန်းတင့်ဖျက်ဒုံးဖြစ်သည်။ အလေးချိန် ၂၀ ကီလိုဂရမ် သာရှိသောကြောင့် အလွန်ပေါ့ပါးသည့် ATGM launcher လည်း ဖြစ်သည်။

AT-K Raybolt အနေဖြင့် infrared imaging seeker ကိုအသုံးပြုပြီး attack modes ဖြစ်သော top attack and direct modes ၂ မျိုးကို အသုံးပြုသည်။သံချပ်ကာဖောက်ထွင်းမှု အားကောင်းသော ထိပ်ဖူးအမျိုးအစားဖြစ်သည့် tandem- warhead ကိုတပ်ဆင်ထားသောကြောင့် တုန့်ပြန်ပေါက်ကွဲ သံချပ်ကာ(explosive reactive armor – ERA)ကို ခြောက်လှန်မှုပေးနိုင်သော ဒုံးအမျိုးအစားဖြစ်သည်။

သံချပ်ကာဖောက်ထွင်းနိုင်မှုအနေဖြင့် ERA နောက်ကွယ်ရှိ RHA သံချပ်ကာအမျိုးအစားအား ၉၀၀ မီလီမီတာ အထိဖောက် ထွင်းနိုင်သAT-1K Raybolt ကို လူဖြင့်သယ်ဆောင်ပစ် ခတ်နိုင်သည့်အပြင် K-153C ATGM carrier နှင့် Rotem KW2 Scorpion Anti-Tank vehicle တို့တွင်လည်း တပ် ဆင်ပစ်ခတ်အသုံးပြုသည်။

CRD_Koko Lin Oo

Add a Comment

Your email address will not be published. Required fields are marked *