ျပင္သစ္ထုတ္ RAFALE တိုက္ေလယာဥ္ႏွင့္ တ႐ုတ္ထုတ္ J-20 တိုက္ေလယာဥ္ ႏႈိင္းယွဥ္ခ်က္…

ျပင္သစ္ Dassault Aviation မွ ထုတ္လုပ္သည့္ Rafale တိုက္ေလယာဥ္ႏွင့္ တ႐ုတ္ Chengdu Group မွ ထုတ္လုပ္ေသာ J-20 တိုက္ေလယာဥ္ ႏႈိင္းယွဥ္ခ်က္ျဖစ္ပါသည္။Rafale တိုက္ေလယာဥ္အေနျဖင့္ စတုတၳမ်ိဳးဆက္လြန္ (4.5 generaton)ျဖစ္ေသာ္လည္း J-20 မွာ ပၪၥမမ်ိဳးဆက္ (5th generation)ျဖစ္သည္။ တိုက္ေလယာဥ္ ၂ စီး၏ role အေနျဖင့္ Rafale မွာ ဘက္စုံသုံး(Multirole)ျဖစ္ေသာ္ လည္း J-20 မွာ ေလေၾကာင္းအေရးသာမႈတိုက္ေလယာဥ္ (Air Superiority fighter)ျဖစ္သည္။ Rafale တိုက္ေလ ယာဥ္၏ first flight အေနျဖင့္ ၁၉၈၆ ျဖစ္ၿပီး J-20 ၏ first flight မွာ ၂၀၁၁ ျဖစ္သည္။Rafale တိုက္ေလယာဥ္ တြင္ Snecma M88-2 turbofans အင္ဂ်င္ ၂ လုံး တပ္ ဆင္ထားသလို J-20 တြင္ Shenyang WS-15 turbofans အင္ဂ်င္ ၂ လုံး တပ္ဆင္ထားရွိသည္။ သို႔ေသာ္ J-20 ၏ အင္ဂ်င္မွာ ႐ုရွား Su-30 တိုက္ေလယာဥ္တြင္ တပ္ဆင္ထား ရွိေသာ အင္ဂ်င္ႏွင့္တူညီမႈရွိသည္ဟု ဆိုသည္။

Rafale တြင္ Fuel capacity အေနျဖင့္ ၄၄၀၀ ကီလိုဂရမ္ႏွင့္ J-20 တြင္ Fuel capacity ၁၁၃၄၀ ကီလိုဂရမ္ ျဖစ္ေသာေၾကာင့္ J-20 အေနျဖင့္ ေလာင္စာဆီပိုမိုသယ္ေဆာင္ႏိုင္သည္ကို ေတြ႕ရွိရသည္။Rafale အေနျဖင့္ အသံထက္ ၂ ဆ ေက်ာ္ (Mach 2+)ျဖင့္ အျမန္ဆုံးပ်ံသန္းႏိုင္ကာ J-20 အေနျဖင့္ (Mach 2.2)​ျဖင့္ ပ်ံသန္းႏိုင္စြမ္း ရွိသည္။ Rafale ၏ ပ်ံသန္းႏိုင္မႈအကြာအေဝးမွာ ၃၇၀၀ ကီလိုမီတာ ျဖစ္ေသာ္ လည္း J-20 အေနျဖင့္ ၆၀၀၀ ကီလိုမီတာ အထိ ပ်ံသန္းႏိုင္ သည္။Rafale ၏ combat radius မွာ ၁၈၅၀ ကီလိုမီတာ ႏွင့္ J-20 ၏ combat radius မွာ ၂၀၀၀ ကီလိုမီတာ ဟုဆို သည္။Rafale တြင္ Thales REE2 -AA AESA ေရဒါကိုတပ္ဆင္ထားသည္။ အဆိုပါေရဒါမွာ ၂၆၀ ကီလိုမီတာ ရွိပစ္မွတ္ မ်ားကို detect လုပ္ႏိုင္ကာ ပစ္မွတ္ ၄၀ ကို တၿပိဳင္တည္း track လုပ္၍ ပစ္မွတ္ ၈ ခုကို တၿပိဳင္တည္း engage လုပ္ ႏိုင္စြမ္းရွိသည္။

J-20 တြင္ Type1475(KLJ-5)AESA ေရဒါကိုတပ္ဆင္ထားရွိသည္။ အဆိုပါေရဒါမွ ၃၇၀ ကီလို မီတာရွိ ပစ္မွတ္ကို detect လုပ္ႏိုင္ကာ ပစ္မွတ္ ၄၀ ကို တၿပိဳင္တည္း track လုပ္၍ ပစ္မွတ္ ၁၀ ခု ကို တၿပိဳင္တည္း engage လုပ္ႏိုင္စြမ္း ရွိသည္။Rafale တြင္ တစ္မိနစ္လွ်င္ က်ည္ ၂၅၀၀ ေတာင့္ႏႈန္း ပစ္ခတ္ႏိုင္ေသာ GIAT 30/M71 ၃၀ မမ စက္အေျမာက္ ၁ လက္ ကိုယင္းက်ည္ ၁၂၅ ေတာင့္ ႏွင့္အတူ တပ္ဆင္ထားေသာ J-20 တြင္ စက္အေျမာက္ တပ္ဆင္ထားျခင္း မရွိသည္ကို ေတြ႕ရွိရသည္။ေဝဟင္မွ ေဝဟင္ ပစ္ဒုံးတပ္ဆင္ထားမႈအေနျဖင့္ Rafale တိုက္ေလယာဥ္ တြင္ ၁၅၀ ကီလိုမီတာ အထိပစ္ခတ္ႏိုင္ေသာ MBDA Meteor ျမင္တာလြန္ဒုံးႏွင့္ ၈၃ ကီလိုမီတာ အထိ ပစ္ခတ္ ႏိုင္ေသာ MBDA MICA IR တာလတ္ပစ္ဒုံးအျပင္ ၁၅ ကီလိုမီတာ အထိ ပစ္ခတ္ႏိုင္ေသာ Magic II တာတိုပစ္ဒုံး မ်ားကို တပ္ဆင္ထားရွိသည္။

J-20 တြင္ ၉၂ ကီလိုမီတာ အထိပစ္ခတ္ႏိုင္ေသာ PL-12C ဒုံးအျပင္ ၂၀ ကီလိုမီတာ အထိပစ္ခတ္ႏိုင္ေသာ PL-10 တို႔ကို တပ္ဆင္အသုံးျပဳေသာ္ လည္း ကီလိုမီတာ ၂၀၀ အထိ ပစ္ခတ္ႏိုင္သည့္ PL-15 ျမင္ တာလြန္ဒုံးကို တရားဝင္တပ္ဆင္ထားျခင္း မရွိသည္ကို ေတြ႕ ရွိရသည္။Rafale တိုက္ေလယာဥ္အေနျဖင့္ J-20 တိုက္ ေလယာဥ္ထက္ BVR ၁၅ ရာခိုင္ႏႈန္း ပိုမိုသာလြန္မႈရွိသည္ကို ေတြ႕ရွိရသည္။Rafale တိုက္ေလယာဥ္မွ ကီလိုမီတာ ၅၀၀ အထိ ပစ္ခတ္ႏိုင္ေသာ ASMP-A န်ဴကလီးယားထိပ္ဖူးတပ္ ဒုံးကို သယ္ေဆာင္ပစ္ခတ္ႏိုင္ေသာ္လည္း J-20 အေနျဖင့္ တပ္ဆင္ႏိုင္ျခင္း မရွိသည္ကို ေတြ႕ရွိရသည္။ေဝဟင္မွ ေျမျပင္ပစ္ဒုံးမ်ားႏွင့္ ဗုံးမ်ားတြင္လည္း Rafale မွ J-20 ထက္ သာလြန္မႈရွိသည္ကို ေတြ႕ရွိရသည္။ Rafale တိုက္ ေလ

ယာဥ္အေနျဖင့္ တၿပိဳင္တည္း mission ၄ ခု ကိုေအာင္ ျမင္ေအာင္ေဆာင္႐ြက္ႏိုင္ေသာ္လည္း J-20 မွာမူ တၿပိဳင္ တည္း mission ၁ ခု ကိုသာ သီးသန္႔ေအာင္ျမင္ေအာင္ ေဆာင္႐ြက္သည့္ တိုက္ေလယာဥ္ျဖစ္သည္။Rafale မွာ တိုက္ပြဲဝင္အေတြ႕ႀကဳံရွိၿပီး combat proven ျပသႏိုင္ ေသာ တိုက္ေလယာဥ္ ျဖစ္ေသာ္လည္း J-20 မွာမူ ေလ့က်င့္ ေရးအေတြ႕အႀကဳံသာ ရွိသည္။ သာလြန္မႈအဆုံးအျဖတ္အေနျဖင့္ J-20 မွာ Engine ႏွင့္ performance ပိုင္း တြင္ Rafale ထက္ သာလြန္မႈရွိေသာ္လည္း Rafale တိုက္ေလ ယာဥ္အေနျဖင့္ Avionics ႏွင့္ Dogfight ပိုင္းတြင္သာမက Armament ပိုင္းတြင္ပါ J-20 ထက္ သာလြန္မႈရွိသည္ဟု ၿခဳံငုံသုံးသပ္ထားသည္။

Credit-KoKoLinOo

unicode

ပြင်သစ် Dassault Aviation မှ ထုတ်လုပ်သည့် Rafale တိုက်လေယာဉ်နှင့် တရုတ် Chengdu Group မှ ထုတ်လုပ်သော J-20 တိုက်လေယာဉ် နှိုင်းယှဉ်ချက်ဖြစ်ပါသည်။Rafale တိုက်လေယာဉ်အနေဖြင့် စတုတ္ထမျိုးဆက်လွန် (4.5 generaton)ဖြစ်သော်လည်း J-20 မှာ ပဉ္စမမျိုးဆက် (5th generation)ဖြစ်သည်။ တိုက်လေယာဉ် ၂ စီး၏ role အနေဖြင့် Rafale မှာ ဘက်စုံသုံး(Multirole)ဖြစ်သော် လည်း J-20 မှာ လေကြောင်းအရေးသာမှုတိုက်လေယာဉ် (Air Superiority fighter)ဖြစ်သည်။ Rafale တိုက်လေ ယာဉ်၏ first flight အနေဖြင့် ၁၉၈၆ ဖြစ်ပြီး J-20 ၏ first flight မှာ ၂၀၁၁ ဖြစ်သည်။Rafale တိုက်လေယာဉ် တွင် Snecma M88-2 turbofans အင်ဂျင် ၂ လုံး တပ် ဆင်ထားသလို J-20 တွင် Shenyang WS-15 turbofans အင်ဂျင် ၂ လုံး တပ်ဆင်ထားရှိသည်။ သို့သော် J-20 ၏ အင်ဂျင်မှာ ရုရှား Su-30 တိုက်လေယာဉ်တွင် တပ်ဆင်ထား ရှိသော အင်ဂျင်နှင့်တူညီမှုရှိသည်ဟု ဆိုသည်။

Rafale တွင် Fuel capacity အနေဖြင့် ၄၄၀၀ ကီလိုဂရမ်နှင့် J-20 တွင် Fuel capacity ၁၁၃၄၀ ကီလိုဂရမ် ဖြစ်သောကြောင့် J-20 အနေဖြင့် လောင်စာဆီပိုမိုသယ်ဆောင်နိုင်သည်ကို တွေ့ရှိရသည်။Rafale အနေဖြင့် အသံထက် ၂ ဆ ကျော် (Mach 2+)ဖြင့် အမြန်ဆုံးပျံသန်းနိုင်ကာ J-20 အနေဖြင့် (Mach 2.2)ဖြင့် ပျံသန်းနိုင်စွမ်း ရှိသည်။ Rafale ၏ ပျံသန်းနိုင်မှုအကွာအဝေးမှာ ၃၇၀၀ ကီလိုမီတာ ဖြစ်သော် လည်း J-20 အနေဖြင့် ၆၀၀၀ ကီလိုမီတာ အထိ ပျံသန်းနိုင် သည်။Rafale ၏ combat radius မှာ ၁၈၅၀ ကီလိုမီတာ နှင့် J-20 ၏ combat radius မှာ ၂၀၀၀ ကီလိုမီတာ ဟုဆို သည်။Rafale တွင် Thales REE2 -AA AESA ရေဒါကိုတပ်ဆင်ထားသည်။ အဆိုပါရေဒါမှာ ၂၆၀ ကီလိုမီတာ ရှိပစ်မှတ် များကို detect လုပ်နိုင်ကာ ပစ်မှတ် ၄၀ ကို တပြိုင်တည်း track လုပ်၍ ပစ်မှတ် ၈ ခုကို တပြိုင်တည်း engage လုပ် နိုင်စွမ်းရှိသည်။

J-20 တွင် Type1475(KLJ-5)AESA ရေဒါကိုတပ်ဆင်ထားရှိသည်။ အဆိုပါရေဒါမှ ၃၇၀ ကီလို မီတာရှိ ပစ်မှတ်ကို detect လုပ်နိုင်ကာ ပစ်မှတ် ၄၀ ကို တပြိုင်တည်း track လုပ်၍ ပစ်မှတ် ၁၀ ခု ကို တပြိုင်တည်း engage လုပ်နိုင်စွမ်း ရှိသည်။Rafale တွင် တစ်မိနစ်လျှင် ကျည် ၂၅၀၀ တောင့်နှုန်း ပစ်ခတ်နိုင်သော GIAT 30/M71 ၃၀ မမ စက်အမြောက် ၁ လက် ကိုယင်းကျည် ၁၂၅ တောင့် နှင့်အတူ တပ်ဆင်ထားသော J-20 တွင် စက်အမြောက် တပ်ဆင်ထားခြင်း မရှိသည်ကို တွေ့ရှိရသည်။ဝေဟင်မှ ဝေဟင် ပစ်ဒုံးတပ်ဆင်ထားမှုအနေဖြင့် Rafale တိုက်လေယာဉ် တွင် ၁၅၀ ကီလိုမီတာ အထိပစ်ခတ်နိုင်သော MBDA Meteor မြင်တာလွန်ဒုံးနှင့် ၈၃ ကီလိုမီတာ အထိ ပစ်ခတ် နိုင်သော MBDA MICA IR တာလတ်ပစ်ဒုံးအပြင် ၁၅ ကီလိုမီတာ အထိ ပစ်ခတ်နိုင်သော Magic II တာတိုပစ်ဒုံး များကို တပ်ဆင်ထားရှိသည်။

J-20 တွင် ၉၂ ကီလိုမီတာ အထိပစ်ခတ်နိုင်သော PL-12C ဒုံးအပြင် ၂၀ ကီလိုမီတာ အထိပစ်ခတ်နိုင်သော PL-10 တို့ကို တပ်ဆင်အသုံးပြုသော် လည်း ကီလိုမီတာ ၂၀၀ အထိ ပစ်ခတ်နိုင်သည့် PL-15 မြင် တာလွန်ဒုံးကို တရားဝင်တပ်ဆင်ထားခြင်း မရှိသည်ကို တွေ့ ရှိရသည်။Rafale တိုက်လေယာဉ်အနေဖြင့် J-20 တိုက် လေယာဉ်ထက် BVR ၁၅ ရာခိုင်နှုန်း ပိုမိုသာလွန်မှုရှိသည်ကို တွေ့ရှိရသည်။Rafale တိုက်လေယာဉ်မှ ကီလိုမီတာ ၅၀၀ အထိ ပစ်ခတ်နိုင်သော ASMP-A နျူကလီးယားထိပ်ဖူးတပ် ဒုံးကို သယ်ဆောင်ပစ်ခတ်နိုင်သော်လည်း J-20 အနေဖြင့် တပ်ဆင်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။ဝေဟင်မှ မြေပြင်ပစ်ဒုံးများနှင့် ဗုံးများတွင်လည်း Rafale မှ J-20 ထက် သာလွန်မှုရှိသည်ကို တွေ့ရှိရသည်။ Rafale တိုက် လေ

ယာဉ်အနေဖြင့် တပြိုင်တည်း mission ၄ ခု ကိုအောင် မြင်အောင်ဆောင်ရွက်နိုင်သော်လည်း J-20 မှာမူ တပြိုင် တည်း mission ၁ ခု ကိုသာ သီးသန့်အောင်မြင်အောင် ဆောင်ရွက်သည့် တိုက်လေယာဉ်ဖြစ်သည်။Rafale မှာ တိုက်ပွဲဝင်အတွေ့ကြုံရှိပြီး combat proven ပြသနိုင် သော တိုက်လေယာဉ် ဖြစ်သော်လည်း J-20 မှာမူ လေ့ကျင့် ရေးအတွေ့အကြုံသာ ရှိသည်။ သာလွန်မှုအဆုံးအဖြတ်အနေဖြင့် J-20 မှာ Engine နှင့် performance ပိုင်း တွင် Rafale ထက် သာလွန်မှုရှိသော်လည်း Rafale တိုက်လေ ယာဉ်အနေဖြင့် Avionics နှင့် Dogfight ပိုင်းတွင်သာမက Armament ပိုင်းတွင်ပါ J-20 ထက် သာလွန်မှုရှိသည်ဟု ခြုံငုံသုံးသပ်ထားသည်။

Credit-KoKoLinOo

Add a Comment

Your email address will not be published. Required fields are marked *