ပြည်​သူများ အလိမ်​မခံရ​စေရန်​ ဗိုလ်​ချုပ်​​အောင်​ဆန်းရုပ်​ပုံဖြင့် မဲမဆွယ်​​ရေး ကန့်ကွက်​ခြင်းဖြစ်ဟု ပြည်​ခိုင်​ဖြိုး​ပြော

ပြည်​သူများ အလိမ်​မခံရ​စေရန်​ ဗိုလ်​ချုပ်​​အောင်​ဆန်းရုပ်​ပုံဖြင့် မဲမဆွယ်​​ရေး ကန့်ကွက်​ခြင်းဖြစ်ဟု ပြည်​ခိုင်​ဖြိုး​ပြော

ပြည်​သူများ အလိမ်​မခံရ​စေရန်​ ဗိုလ်​ချုပ်​​အောင်​ဆန်းရုပ်​ပုံဖြင့် မဲမဆွယ်​ရန်​ ကန့်ကွက်​ရခြင်းဖြစ်​​ကြောင်း ပြည်​ခိုင်​ဖြိုးပါတီ ​ပြော​ရေးဆိုခွင့်ရှိသူ ​ဒေါက်​တာနန္ဒာလှမြင့်က ​ပြောသည်​။

ယ​‌နေ့ (ဇွန်​ ၂၉ရက်​)မွန်းလွဲပိုင်းက ရန်​ကုန်​မြို့၊ House of Orchid ၌ ပြုလုပ်​သည့် နိုင်​ငံ​ရေးပါတီများ​ဆွေး​နွေးပွဲအပြီးတွင်​ သတင်းမီဒီယာများအား အထက်​ပါအတိုင်း​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

“ဗိုလ်​ချုပ်​​အောင်​ဆန်းက အမျိုးသား​ခေါင်း​ဆောင်​ဖြစ်​တယ်​။ လွတ်​လပ်​​ရေးဖခင်​ဖြစ်​တယ်​။ ပြည်​သူအားလုံးက ချစ်​တယ်​။ ကျွန်​​တော်​တို့ ကိုယ်​တိုင်​လည်း ချစ်​တယ်​။ အဲ့​တော့ ပြည်​သူ​တွေက သူတို့ မဲဆန္ဒနယ်​မှာ ဗိုလ်​ချူပ်​ကိုပဲ မြင်​တယ်​။ ​ဒီချစ်​တဲ့စိတ်​နဲ့ပဲ ​ဒေသက ကိုယ်​စားလှယ်​​လောင်းကို မကြည့်နဲ့ ဗိုလ်​ချုပ်​ပုံပဲ ကြည့်ပြီးမဲ​ပေးကြတယ်​။ ဒီလိုဗိုလ်​ချုပ်​ပုံကိုပဲ ကြည့်ပြီး မဲ​ပေးခဲ့ကြတဲ့အတွက်​ လွှတ်​​တော်​ရဲ့ စွမ်း​ဆောင်​ရည်​၊ အစိုးရရဲ့ စွမ်း​ဆောင်​ရည်​ကို ကြည့်ပါ။ တိုင်းပြည်​ရဲ့ စီးပွား​ရေး ဘယ်​​လောက်​ကျသွားလာလဲ။ ဒါ​ကြောင့် မဲဆန္ဒပြည်​သူ​တွေ ကြည့်ရမှာက ပါတီမဟုတ်​ပါဘူး။ ကိုယ်​စားလှယ်​​လောင်း​တွေရဲ့ အရည်​အချင်းပဲ”ဟု ​ဒေါက်​တာနန္ဒာလှမြင့်က ​ပြောကြားခဲ့သည်​။

ဗိုလ်​ချုပ်​​အောင်​ဆန်းရုပ်​ပုံအား မဲဆွယ်​ရာတွင်​အသုံးမပြုရန်​ နိုင်​ငံ​ရေးပါတီ(၃၀)ခန့်က တင်​ပြခဲ့​သော်​လည်း ​ပြည်​​ထောင်စု​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​က လက်​ခံခြင်းမရှိဘဲ ဗိုလ်​ချုပ်​ရုပ်​ပုံအား ပါတီများ အားလုံ မဲဆွယ်ရာတွင် ​​​အသုံးပြုနိုင်​​ရန်​ ခွင့်ပြုခဲ့​ကြောင်း သိရသည်​။

“ဗိုလ်​ချုပ်​​အောင်​ဆန်းက ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ အ​ဖေ ဖြစ်​သလို နိုင်​ငံရဲ့ အမျိုးသား​ခေါင်း​ဆောင်​လည်းဖြစ်​တယ်​။ သာမာန်​ပုဂ္ဂိုလ်​ဆိုရင်​ မ​ပြောဘူး။ တစ်​နိုင်​ငံလုံးက ချစ်​ခင်​တဲ့ အမျိုးသား​ခေါင်း​ဆောင်​ဖြစ်​လို့ ရုပ်​ပုံနဲ့မဲမဆွယ်​​ရေးကန့်ကွက်​ရတာဖြစ်​ပါတယ်​”ဟု ​ဒေါက်တာနန္ဒာလှမြင့်ကပြောသည်။

လေးစားစွာဖြင့် ခရစ်ဒက် ……..The Standard Time Daily

Add a Comment

Your email address will not be published. Required fields are marked *