မြန်မာပြည်ကို အရှေ့က ခံစစ်တံတိုင်းအနေနဲ့သုံးလာနိုင်တဲ့ တရုတ်ကြီးရဲ့ စစ်ဗျူဟာမှာ ကာချုပ်ဘာလုပ်မလဲ








source : မုဆိုး လက်

unicode

ရန်သူတက်မလာအောင်တားဆီးထားနိုင်ခဲ့တဲ့တရုတ်တို့ရဲ့ မဟာတံတိုင်ကြီးဟာ အခုရောက်လာမယ့် USရဲ့လက်နက်တွေကိုတော့ မခုခံနိုင်တော့ပါဘူးတောင်တရုတ်ပင်လယ်ထဲက အမေရိကန်လေယာဉ်တင်သင်းဘောအုပ်စုကနေရာယူထားသလို ထင်မှတ်မထားတဲ့ ဘင်ဂလားပင်လယ်မှာလဲ ရေတပ်အုပ်စုရောက်လာတာ တရုတ်ကို ပတ်ဝိုင်းထားသလိုပါပဲ

စ်တ်ဝင်စားစရာကောင်းတာက ဘင်းဂလားပင်လယ်ထဲက လေယာဉ်တွေ စစ်လက်နက်တွေတရုတ်ကိုပစ်တဲ့အခါ မြန်မာပြည်ကဖြတ်ရမှာပါ ဒီအခါမနေတတ်မထိုင်တတ်နဲ့ရှိတာလေးနဲ့ထဖောက်ရင် အမူန်ချေခံရပါလိမ့်မယ်တောင်တရုတ်ပင်လယ်မှာ တရုတ်တို့ရင်ဆိုင်ရမှာက အမေရိကန် ဂျပန် ဗီယက်နမ်ဩစီ ဖိလစ်ပိုင်တို့ကိုပါဘင်းဂလားမှာတော့အမေရိကန် UK နဲ့ အိန္ဒိယတို့ပါ

စဉ်းစားစရာက တောင်တရုတ်ပင်လယ်ကိုတရုတ်တို့ရင်ဆိုင်ရမှာ ရိုးရှင်းပေမယ့် ဘင်းဂလားပင်လယ်က တပ်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာပါပဲခြားကမြန်မာကို ခံစစ်အဖြစ်သုံးမှာလားဘယ်လိုသုံးမလဲအခုရက်အတွင်း ကာကွယ်ရေးဝန်ကြီးတရုတ်သွားမယ်လို့သတင်းအရသိရပါတယ်တရုတ်နဲ့အခုလိုအချိန်နီးကပ်တာ သိပ်တော့ အခြေအနေမကောင်းဘူး

ဒီနေရာမှာ တစ်ခုပြောချင်တာ ထိုင်းနိုင်အကြောင်းပါဘုရင့်နောင်ကလွဲပြီး ထိုင်းတို့ကိုလိုနီခေတ်မှာတောင်ကျွန်မဖြစ်ခဲ့ပါဘူး အင်္ဂလိပ်လာလာပြင်သစ်လာလာ တည့်အောင်ပေါင်းပါတယ် ဂျပန်မြန်မာတိုက်ဖို့ သူ့နိုင်ငံထဲကဖြတ်တာကို ခွင့်ပြုပြီး ကျွန်နိုင်ငံအဖြစ်ကရှောင်လွှဲနိုင်ခဲ့ပါတယ်အခုမြန်မာပြည်ကို ဘယ်သူတွေဖြတ်ကြမလဲ ဘယ်လိုရပ်တည်မလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်

#စစ်မနိုင်ဘူးတဲ့တရုတ်
တရုတ်တို့ ခေတ်အဆက်ဆက် မြန်မာကိုစစ်မနိုင်ပါဘူး တရုတ်ဖြူတို့ကို မြန်မာတပ်တွေတိုက်ခိုက်အနိုင်ယူခဲ့သလို ဗီယက်နမ်လဲ တရုတ်ကိုနယ်ခြားစစ်မှာနိုင်ခဲ့တယ် ဂျပန်နဲ့တိုက်ဖူးတယ် ရူံးတာပဲ

အခုခေတ်မှီနည်းပညာစစ်ပွဲမှာ အမေရိကန်အပေါင်းပါတွေကိုဘယ်လိုတိုက်မလဲဘင်းဂလားမှာ တပ်လာတည်တဲ့အတွက်မြန်မာပြည်အတွက် အလွန်စိုးရမ်ရပါတယ်နိုင်ငံပေါ်ဖြတ်သွားမယ့် ဒုံးတွေကို ဘယ်နေရာမှာပစ်ချမှာလဲ

အမေရိကန်ကတရုတ်ကောင်စစ်ဝန်ရုံးကိုချက်ချင်းပိတ်ခိုင်းတဲ့ ထရန့် ဘယ်အချိန်စစ်ကြေငြာမှာလဲ လောလောဆယ်တော့ဘင်းဂလားပင်လယ်ထဲက လေယာဉ်တင်သင်းဘောအုပ်စုက စစ်ရေးအခိုင်အမာတည်ဆောက်‌ပြီးအဆင်သင့်ဖြစ်နေပါပြီ
ကဲ ဘာလုပ်မှာလဲ ကာချုပ်

source : မုဆိုး လက်

Add a Comment

Your email address will not be published. Required fields are marked *