နိုင်ငံတကာ အလဲလဲ အပြိုပြိုဖြစ်နေတဲ့ ကိုဗစ် ကို နည်းဗျူဟာ ကောင်းကောင်း နဲ့ ထိန်းချုပ် ထားနိုင်တဲ့ မြန်မာ

နိုင်ငံတကာ အလဲလဲ အပြိုပြိုဖြစ်နေတဲ့ ကိုဗစ် ကို နည်းဗျူဟာ ကောင်းကောင်း နဲ့ ထိန်းချုပ် ထားနိုင်တဲ့ မြန်မာ
ကိုဗစ် စစ်ထား တဲ့ လူဦးရေ စုစုပေါင်း (၁၇၁၅၂) ဦး အရ မြန်မာပြည် ဟာ အာဆီယံ မှာ စစ်ဆေးတဲ့ လူအရေ အတွက် တတိယ အနည်းဆုံးပါ ။ မြန်မာထက် စစ်တာ နည်းတာက ကမ္ဘောဒီးယား နဲ့ လာအိုပဲ ရှိပါတယ်။ လူဦးရေ အချိုးနဲ့ ဆို အာဆီယံ မှာ အနည်းဆုံးပါ။

ဒါပေမယ့် အဲဒါ ဆို ရှိသမျှ လူသန်း ငါးဆယ်လုံး စစ်ရင် ကောင်းမလား ဆိုတော့လည်း ကိုယ်ရှိတဲ့ resource နဲ့ ချိန်ထိုးရပြန် ပါတယ် ။ အခု လက်ရှိ မြန်မာပြည်မှာ စစ်တဲ့လူဦးရေနဲ့ positive ပြတဲ့လူ ရာခိုင်နှုန်းက 1.17% ပါ။ သဘောက သံသယ လူနာ ၁၀၀၀ ကို စစ်ရင် ၁၂ ယောက်ပဲ positive ပြတာပါ ။

အဲဒီနှုန်း ကို ယှဉ်မယ် ဆို ကမ္ဘာမှာ အများဆုံး စစ်ထားတဲ့ အမေရိကန်ရဲ့ 11.82% ထက် အများကြီး နည်းတာကို တွေ့ရ ပါတယ် ။ တခြား UK, GERMANY, ITALY, SPAIN တို့ အားလုံးကလည်း 5% နဲ့ အထက်တွေချည်း ပါပဲ ။

အဲ့လိုကြည့်ရင်တော့ မြန်မာပြည် မှာ စစ်တာ မနည်းလှဘူး လို့ ပြန်တွက်လို့ရ ပါတယ် ။ သံသယ လူနာတွေ နဲ့ သူတို့ နဲ့ ထိတွေ့သူတွေကို မစစ်တာ မဟုတ်ဘူး။ စစ် သင့်သလောက်စစ်တယ်၊ သိပ်မတွေ့တာလို့ ကောက်ချက်ချလို့ ရ ပါတယ် ။

အခု အချိန်မှာ လွတ်ထွက် သွားတဲ့သူ ရှိရင် coummnity spread zero ဖြစ်တဲ့ ရက်တွေ ဒီလောက်ကြာကြာ မရှိနိုင် ပါဘူး။

ပြည်ပက ပြန်ဝင်လာသူ အကုန်စစ်ရင် ကောင်းပေမယ့် လက်တွေ့မှာ ဘက်ဂျက်ကြောင့် မစစ်ဆေးနိုင်တာထက် ဆေးစစ်ရာမှာ သုံးတဲ့ ရောဂါ ရှာဖွေရေး ဆေး ရည် Reagent လိုသလောက် မှာမရတာကြောင့် ဘယ်လိုမှ အားလုံးကို မစစ်ဆေးနိုင်တာ စဉ်းစားတတ်ရင် သိမှာပါ။ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သား အရမ်းများတဲ့ ကျနော်တို့နိုင်ငံ မှာ လူအကုန် facility quarantine လုပ်နိုင်တာနဲ့တင် ကျေးဇူးတင်နေရတဲ့ အဖြစ်ပါ ။

နိုင်ငံတကာ အလဲလဲအပြိုပြိုဖြစ်နေတဲ့ ကိုဗစ်ကို နည်းဗျူဟာ ကောင်းကောင်းနဲ့ ထိန်းချုပ်ထားနိုင်တဲ့ မြန်မာ တခြား အင်အားကြီး နိုင်ငံတွေ အလဲလဲ အပြိုပြို ဖြစ်နေချိန်၊ အာဆီယံထဲက ထိုင်းတို့ မလေး တို့ စင်ကာပူ တို့ မနည်းထိန်းနေရချိ န်မှာ အခု အချိန်ထိ မြန်မာပြည် အစိုးရ နဲ့ ပြည်သူတွေ ထိန်းထားတဲ့ အတိုင်း အတာက ဂုဏ်ထူး မှတ်လောက် မရတောင် အောင်မှတ်တော့ အေးဆေး ကျော် ပါတယ် ။

လေးစားစွာဖြင့် ခရစ်ဒက် ………..Htet Naing Lin

Add a Comment

Your email address will not be published. Required fields are marked *