႐ုရွား၏ ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္ အာေမးနီးယားႏွင့္ အဇာဘိုင္ဂ်န္တို႔သည္ အပစ္အခတ္ရပ္စဲေရး သေဘာတူ…

စစ္သားေတြက စစ္တိုက္ၿပီး၊ ႏိုင္ငံေရးသမားေတြက စစ္ပြဲေတြကို အဆုံးသတ္ေပးႏိုင္တယ္။အာေမးနီးယား-အဇာဘိုင္ဂ်န္စစ္ပြဲကို ၁၀ နာရီအတြင္း ရပ္ဖို႔အတြက္ ေမာ္စကိုမွာ ၂ ႏိုင္ငံမွ ႏိုင္ငံျခားေရးဝန္ႀကီးေတြက သေဘာတူလိုက္ၾကပါတယ္။တကယ္ေတာ့ စစ္ပြဲကိုအဆုံးသတ္ေစတာက အဇာဘိုင္ဂ်န္ကေန ဥေရာပကိုေပးပို႔ေနတဲ့ ေရနံပိုက္လိုင္းဟာ စစ္ပြဲေဒသကို ျဖတ္သန္းေနတာေၾကာင့္ မေပါက္ကြဲေစဖို႔ ရည္႐ြယ္ပါသတဲ့။

တဖက္မွာ အင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ တူရကီက အဇာဘိုင္ဂ်န္ဖက္က ေထာက္ခံၿပီး၊ ႐ုရွားက အာေမးနီးယားကိုကာကြယ္ေပးဖို႔စာခ်ဳပ္ခ်ဳပ္ထားပါသတဲ့။ ဒီ ၂ ေကာင္ပါလာရင္ စစ္ပြဲက ပိုရႈပ္ေထြးသြားေစမွာက ေသျခာပါတယ္။ႏိုင္ငံတကာဥပေဒအရ အျငင္းပြါးနယ္စပ္ေဒသဟာ အဇာဘိုင္ဂ်န္က ပိုင္ပါတယ္။ ဒါေပမယ့္ ဆိုဗီယက္ၿပိဳကြဲအၿပီး စစ္ေၾကာင့္ထြက္ေျပးၾကတဲ့ ဒီေတာင္ထူထပ္တဲ့ေဒသမွာ အာေမးနီးယားလူမ်ိဳးအမ်ားစုက အေျခခ်ေနထိုင္ၾကၿပီး သူတို႔ပိုင္တယ္ လုပ္လာတာပါ။ လယ္လုပ္သူလယ္ပိုင္တဲ့အထာမ်ိဳးေတြလို႔ ဆိုရေလမလား မသိပါဘူး။

ျမန္မာျပည္ေျမာက္ပိုင္းေဒသေတြမွာ ကိုးကန္႔၊ ဝ ၊ တ႐ုတ္ေတြ အေျခခ်ေနထိုင္လာရာက တေျဖးေျဖး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြရဖို႔ ေတာင္းဆိုလာတာေတြက ဒီသေဘာသဘာဝလို ျဖစ္ေနမလားလို႔ ေတြးမိပါတယ္။ျမန္မာစစ္တပ္က အင္အားသုံးၿပီး သူတို႔ကိုဖယ္ရွားဖို႔ႀကံစည္ရင္ ေနာက္ကြယ္က တ႐ုတ္ပါမလာဘူးလို႔ တပ္အပ္မေျပာႏိုင္ပါဘူး။ေရွ႕မွာ ႐ုရွားက ယူကရိန္းဆီကေပၚတင္စစ္တိုက္သိမ္းခဲ့တာေတြ ျဖစ္ခဲ့တာ မၾကာေသးပါဘူး။ ကုလသမဂၢဆိုတာကလည္း စူပါပါဝါေတြပါလာရင္ သုံးစားမရတဲ့ ေရေႁမြလိုပဲ ျဖစ္သြားတတ္တာက အားလုံးအသိပဲေလ။

Ref: Today
Crd : Zin Min Nyein

unicode

စစ်သားတွေက စစ်တိုက်ပြီး၊ နိုင်ငံရေးသမားတွေက စစ်ပွဲတွေကို အဆုံးသတ်ပေးနိုင်တယ်။အာမေးနီးယား-အဇာဘိုင်ဂျန်စစ်ပွဲကို ၁၀ နာရီအတွင်း ရပ်ဖို့အတွက် မော်စကိုမှာ ၂ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ကြပါတယ်။တကယ်တော့ စစ်ပွဲကိုအဆုံးသတ်စေတာက အဇာဘိုင်ဂျန်ကနေ ဥရောပကိုပေးပို့နေတဲ့ ရေနံပိုက်လိုင်းဟာ စစ်ပွဲဒေသကို ဖြတ်သန်းနေတာကြောင့် မပေါက်ကွဲစေဖို့ ရည်ရွယ်ပါသတဲ့။

တဖက်မှာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တူရကီက အဇာဘိုင်ဂျန်ဖက်က ထောက်ခံပြီး၊ ရုရှားက အာမေးနီးယားကိုကာကွယ်ပေးဖို့စာချုပ်ချုပ်ထားပါသတဲ့။ ဒီ ၂ ကောင်ပါလာရင် စစ်ပွဲက ပိုရှုပ်ထွေးသွားစေမှာက သေခြာပါတယ်။နိုင်ငံတကာဥပဒေအရ အငြင်းပွါးနယ်စပ်ဒေသဟာ အဇာဘိုင်ဂျန်က ပိုင်ပါတယ်။ ဒါပေမယ့် ဆိုဗီယက်ပြိုကွဲအပြီး စစ်ကြောင့်ထွက်ပြေးကြတဲ့ ဒီတောင်ထူထပ်တဲ့ဒေသမှာ အာမေးနီးယားလူမျိုးအများစုက အခြေချနေထိုင်ကြပြီး သူတို့ပိုင်တယ် လုပ်လာတာပါ။ လယ်လုပ်သူလယ်ပိုင်တဲ့အထာမျိုးတွေလို့ ဆိုရလေမလား မသိပါဘူး။

မြန်မာပြည်မြောက်ပိုင်းဒေသတွေမှာ ကိုးကန့်၊ ဝ ၊ တရုတ်တွေ အခြေချနေထိုင်လာရာက တဖြေးဖြေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဖို့ တောင်းဆိုလာတာတွေက ဒီသဘောသဘာဝလို ဖြစ်နေမလားလို့ တွေးမိပါတယ်။မြန်မာစစ်တပ်က အင်အားသုံးပြီး သူတို့ကိုဖယ်ရှားဖို့ကြံစည်ရင် နောက်ကွယ်က တရုတ်ပါမလာဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ရှေ့မှာ ရုရှားက ယူကရိန်းဆီကပေါ်တင်စစ်တိုက်သိမ်းခဲ့တာတွေ ဖြစ်ခဲ့တာ မကြာသေးပါဘူး။ ကုလသမဂ္ဂဆိုတာကလည်း စူပါပါဝါတွေပါလာရင် သုံးစားမရတဲ့ ရေမြွေလိုပဲ ဖြစ်သွားတတ်တာက အားလုံးအသိပဲလေ။

Ref: Today
Crd : Zin Min Nyein

Add a Comment

Your email address will not be published. Required fields are marked *