🇯🇵ဂျပန်စစ်လေယာဉ်များက ကြားဖြတ်ဟန့်တားမှုများပြုလုပ်ခဲ့ရတဲ့ 🇨🇳 တရုတ်ရဲ့ H-6 ဗုံးကြဲလေယာဉ်ဆိုတာ……..

🇯🇵ဂျပန်စစ်လေယာဉ်များက ကြားဖြတ်ဟန့်တားမှုများပြုလုပ်ခဲ့ရတဲ့ 🇨🇳 တရုတ်ရဲ့ H-6 ဗုံးကြဲလေယာဉ်ဆိုတာ……..
——————————————————————-

ဂျပန်နိုင်ငံရဲ့စစ်ဘက်ဆိုင်ရာလေယာဉ်များဟာ ဇွန်လ ၂၈ ရက် နေ့က ဂျပန်ပိုင် အိုကီနာဝါကျွန်း (lslands of Okinawa) နဲ့ မီယာကိုကျွန်း (Miyako) များရှိရာ တရုတ်ပင်လယ် အရှေ့ခြမ်း နိုင်ငံတကာလေကြောင်း ပိုင်နက် အတွင်း ဖြတ်သန်းဝင်ရောက် လာတဲ့ တရုတ်နိုင်ငံရဲ့ H-6K ဗုံးကြဲလေယာဉ်ကို ကြားဖြတ် ဟန့်တားမှု ပြုလုပ်ခဲ့ရကြောင်း ဝျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တရားဝင်သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကိစ္စရဲ့ အသိပေးအချက်အလက်တချို့ကို ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအသုံးပြုလျှက်ရှိသော Twitter accout မှာ တင်ထားခဲ့ပြီး ဂျပန်လေကြောင်းပိုင်နက်အတွင်း မည်သည့် ချိုးဖောက်မှုမှ မရှိခဲ့ကြောင်း သိရပါတယ်။

တရုတ်ရဲ့ H-6K ဗုံးကြဲလေယာဉ်များကို တာဝေးတိုက်ခိုက်မှု ပြုရာမှာသော်လည်းကောင်း ထိုရည်ရွယ်ချက်မျိုး မဟုတ်ပဲ အခြားနေရာ များမှာသော်လည်ကောင်း အသုံးပြုရန်အတွက် ပုံစံထုတ် တည်ဆောက်ထားပြီး အများစုကတော့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များအဖြစ် သုံးသပ်ရှုမြင်ထားကြပါတယ်။ ၄င်း လေယာဉ်များဟာ အမေရိကန်ရဲ့ လေယာဉ်တင်စစ်သင်္ဘော – အုပ်စုများနဲ့ အာရှဒေသအတွင်းက အဓိကဦးစားပေး (Priority) ပစ်မှတ်များကို တိုက်ခိုက်ရာမှာအသုံးပြုနိုင်တဲ့အပြင် နူကလီးယား လက်နက်များ ချိတ်ဆွဲ ပျံသန်းပြီး တိုက်ခိုက်နိုင်ကြောင်းလည်း သိရပါတယ်။

H-6K ဗုံးကြဲလေယာဉ်များတွင် လေကြောင်းမှတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ YJ-12 အမျိုးအစားမစ်ဆိုင်း ၆ လုံးနဲ့ Air Launched Cruise Missiles – များတပ်ဆင်အသုံးပြု နိုင်ပြီး သူ့ချည်းသီးသန့် အနေနဲ့ တပ်ရင်းတရင်းစာပမာဏရှိတဲ့ YJ-12 မစ်ဆိုင်း ၁၈ လုံး အထိတပ်ဆင်အသုံးပြုနိုင်ကာ ရန်သူ့စစ်သင်္ဘောများအား အသံထက်မြန်တဲ့ မစ်ဆိုင်း (Supersonic missiles) များ အရေအတွက် ၁၀၀ ထက်ပိုမိုသော ပမာဏဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိကြောင်းလည်း သိရပါတယ်။

[ တရုတ်လေတပ်(PLAAF)ရဲ့ ကင်းထောက်လေယာဉ်များ| ဗုံးကြဲ လေယာဉ်များနဲ့ တိုက်ခိုက်ရေးလေယာဉ်များဟာ ယခင် ကလည်း ဂျပန်နိုင်ငံ လေကြောင်းပိုင်နက်အနီး မကြာခဏ ဝင်ရောက်ပျံသန်းလေ့ရှိပြီး ဂျပန်ကိုယ်ပိုင်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ (JASDF) မှ F-15, F-4JE နဲ့ Scramble jet trainers လေယာဉ်များနဲ့ အကြိမ်ကြိမ် ဟန့်တားမှု ပြုခဲ့ရပါတယ်။]

လေးစားစွာဖြင့် ခရစ်ဒက် ……..

Add a Comment

Your email address will not be published. Required fields are marked *