ခုံနံပါတ္(၁၀) နဲ႔ လို က္ ပါ စီးနင္းလာခဲ့ေပမယ့္ အိမ္မေရာက္ပဲ ထူးဆ န္းစြာ ေပ်ာက္ဆုံးေနတဲ့ အသက္(၂၀) အ႐ြယ္ေကာင္မေလး….

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕မွာ အသက္ (၂၀)ႏွစ္အ႐ြယ္ မိန္းကေလး တစ္ဦး ၿပီးခဲ့တဲ့ဇြန္လ ၂၇ရက္မွ ဒီကေန႔ဇူလိုင္လ ၁၄ရက္ထိ (၁၈)ရက္ၾကာ ေပ်ာက္ဆုံးေနတယ္လို႔ သူ႔ရဲ႕မိသားစုဝင္ေတြထံကေန သိရပါတယ္..။

ေက်ာက္မဲၿမိဳ႕ေန အဖဦးျမင့္လႈိင္ ရဲ႕ သမီးျဖစ္သူ မအိစႏၵာကို၊ အသက္(၂၀)ႏွစ္ဟာ ၿပီးခဲ့တဲ့ ဇြန္လ၂၇ရက္ေန႔က ေနအိမ္သို႔ျပန္လာရာလမ္းမွာ ေပ်ာက္ဆုံးခဲ့ေၾကာင္း သိရပါတယ္..။

အဲဒီမိန္းကေလး က ဇြန္လ ၂၇ရက္ေန႔မွာ လားရႈိးၿမိဳ႕မွ ေက်ာက္မဲၿမိဳ႕သို႔ ျပန္လာဖို႔အတြက္ မိဘထံသို႔ ဖုန္းဆက္ခဲ့ၿပီး ေမာ္ေတာ္ယာဥ္ဂိတ္မွာ လက္မွတ္ဝယ္ယူကာ ခုံနံပါတ္ ၁၀နဲ႔ လိုက္ပါစီးနင္းခဲ့ေပမယ့္ မိဘထံသို႔ မေရာက္လာခဲ့ေၾကာင္း သိရပါတယ္..။

သူလိုက္ပါစီးနင္းလာတဲ့ ေမာ္ေတာ္ ယာဥ္ဂိတ္သို႔ မိဘေတြမွ သြားေရာက္စုံစမ္းရာမွာ အဲဒီေမာ္ေတာ္ယာဥ္ နဲ႔ စီးနင္းလိုက္ပါခဲ့ေၾကာင္း..၊

လိုက္ပါစီးနင္းလာတဲ့အခ်ိန္မွာ သူမ ရဲ႕လက္ကိုင္ဖုန္းထံသို႔ ဖုန္းႏွစ္ႀကိမ္ ဝင္လာၿပီး ဖုန္းေျပာဆိုမႈ ေတြကို ေတြ႕ခဲ့ရေၾကာင္း၊ သူမမွ စဥ့္အင္တံတားထိပ္မွာ ဆင္းမယ္လို႔ ေျပာဆိုကာ ဆင္းက်န္ရစ္ခဲ့တယ္လို႔ သိရပါတယ္..။

အဆိုပါမိန္းကေလးကို မိဘ၊ ေဆြမ်ိဳးေတြ လိုက္လံ ရွာေဖြေပမယ့္ ဒီကေန႔ထိ ရွာမေတြ႕ေသးတာေၾကာင့္ အိမ္မွာပူေဆြးေသာကေရာက္ေနေၾကာင္း သူ႔ရဲ႕ မိသားစုဝင္ေတြက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာၾကားခ်က္အရ သိရပါတယ္..။

Credit to သတင္း-နန္းေမရာစု(ေ႐ႊႀတိဂံ)

ေ႐ႊႀတိဂံေဒသ သတင္းလႊာ

unicode

ခုံနံပါတ်(၁၀) နဲ့ လိုက်ပါ စီးနင်းလာခဲ့ပေမယ့် အိမ်မရောက်ပဲ ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ အသက်(၂၀) အရွယ်ကောင်မလေး….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အသက် (၂၀)နှစ်အရွယ် မိန်းကလေး တစ်ဦး ပြီးခဲ့တဲ့ဇွန်လ ၂၇ရက်မှ ဒီကနေ့ဇူလိုင်လ ၁၄ရက်ထိ (၁၈)ရက်ကြာ ပျောက်ဆုံးနေတယ်လို့ သူ့ရဲ့မိသားစုဝင်တွေထံကနေ သိရပါတယ်..။

ကျောက်မဲမြို့နေ အဖဦးမြင့်လှိုင် ရဲ့ သမီးဖြစ်သူ မအိစန္ဒာကို၊ အသက်(၂၀)နှစ်ဟာ ပြီးခဲ့တဲ့ ဇွန်လ၂၇ရက်နေ့က နေအိမ်သို့ပြန်လာရာလမ်းမှာ ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်..။

အဲဒီမိန်းကလေး က ဇွန်လ ၂၇ရက်နေ့မှာ လားရှိုးမြို့မှ ကျောက်မဲမြို့သို့ ပြန်လာဖို့အတွက် မိဘထံသို့ ဖုန်းဆက်ခဲ့ပြီး မော်တော်ယာဉ်ဂိတ်မှာ လက်မှတ်ဝယ်ယူကာ ခုံနံပါတ် ၁၀နဲ့ လိုက်ပါစီးနင်းခဲ့ပေမယ့် မိဘထံသို့ မရောက်လာခဲ့ကြောင်း သိရပါတယ်..။

သူလိုက်ပါစီးနင်းလာတဲ့ မော်တော် ယာဉ်ဂိတ်သို့ မိဘတွေမှ သွားရောက်စုံစမ်းရာမှာ အဲဒီမော်တော်ယာဉ် နဲ့ စီးနင်းလိုက်ပါခဲ့ကြောင်း..၊

လိုက်ပါစီးနင်းလာတဲ့အချိန်မှာ သူမ ရဲ့လက်ကိုင်ဖုန်းထံသို့ ဖုန်းနှစ်ကြိမ် ဝင်လာပြီး ဖုန်းပြောဆိုမှု တွေကို တွေ့ခဲ့ရကြောင်း၊ သူမမှ စဉ့်အင်တံတားထိပ်မှာ ဆင်းမယ်လို့ ပြောဆိုကာ ဆင်းကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်..။

အဆိုပါမိန်းကလေးကို မိဘ၊ ဆွေမျိုးတွေ လိုက်လံ ရှာဖွေပေမယ့် ဒီကနေ့ထိ ရှာမတွေ့သေးတာကြောင့် အိမ်မှာပူဆွေးသောကရောက်နေကြောင်း သူ့ရဲ့ မိသားစုဝင်တွေက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောကြားချက်အရ သိရပါတယ်..။

Credit to သတင်း-နန်းမေရာစု(ရွှေတြိဂံ)

ရွှေတြိဂံဒေသ သတင်းလွှာ

Add a Comment

Your email address will not be published. Required fields are marked *