STAY AT HOME မြို့နယ်အားလုံးကို ယခုလကုန် ဖြေလျှော့ပေးလိုက်ပြီဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

STAY AT HOME မြို့နယ်အားလုံးကို ယခုလကုန် ဖြေလျှော့ပေးလိုက်ပြီဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
အိမ်မှာပဲ နေကြဖို့ ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်အားလုံးကိုဒီလကုန်မှာ ဖြေလျှော့ပေးလိုက်ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပြန့်ပွားတာကို ကာကွယ်နိုင်ဖို့အတွက် ၂ ပတ်တကြိမ် အခြေအနေတွေကို သုံးသပ်ပြီး၊ ဆက်လက်ထိန်းသိမ်းထားရမယ့် စည်းမျဉ်းတွေ၊ ဖြေလျှော့သင့်တာတွေ၊ မြှင့်တင်သင့်တာတွေကို ဆုံးဖြတ်ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်ကနေ ရေးသားဖော်ပြလိုက်တာပါ။

အစကတော့ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ ခုမှာ မိမိနေအိမ်မှာ နေထိုင်ရေး(Stay at Home)အစီအစဉ် သတ်မှတ်ထားခဲ့တာဖြစ်ပြီး ဖြေလျှော့ပေးလာတာတွေကြောင့် လက်ရှိမှာ ရန်ကုန်တိုင်းက အင်းစိန် တမြို့နယ်ပဲ ကျန်တော့တာပါ။

လူစုလူဝေးဖြစ်စေနိုင်မယ့် ကိစ္စတွေကိုတော့ ဆက်လက် ပိတ်ပင် ထားပြီး ဈေးတွေလို တခြားသူတွေနဲ့ အချိန်ခပ်ကြာကြာထိတွေ့နိုင်တဲ့နေရာတွေမှာ Mask တပ်ဖို့ အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရောဂါ မပြန့်ပွားစေဖို့ ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုရင် နောက် ၁ လ၊ ၂ လလောက်အတွင်းမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကို တားဆီးနိုင်မယ်လို့ မျှော်လင့်ရပြီး ရောဂါလက္ခဏာ လုံးလုံးမပြဘဲ ကူးစက်ခံနေရသူတွေ များတာကြောင့် အထူးသတိထားဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဒါအပြင် ပြည်သူတွေအနေနဲ့ လက်ကို ခဏခဏ ဆေးဖို့ မမေ့ဖို့နဲ့ မပေါ့ဆဖို့လည်း ထမ်မံ သတိပေးတိုက်တွန်းထားပါတယ်။

အိမ်မှာနေရတဲ့ကာလတွေအတွင်းမှာ အွန်လိုင်းကနေ အရောင်းအဝယ်တွေ မြင့်လာတယ်လို့ သိရပြီး ဒါဟာ လူတွေရဲ့ အခြေအနေသစ် လိုအပ်ချက်အရ ပြောင်းလဲနိုင်တာကို ပြတာပဲ လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ……..bamakhit

Add a Comment

Your email address will not be published. Required fields are marked *